ပရိတ်သတ်ကြီးရေ စိတ်ထားအရမ်းဖြူစင်တဲ့ ပြည်သူချစ်မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ တစ်ခေတ်တစ်ခါတည်းက ဆံပင်အရှည်ကြီးနဲ့ အရမ်းကိုလှခဲ့တဲ့ မင်းသမီးတစ်လက်ပါနော်။သူမပြုံးလိုက်တဲ့အပြုံးလေးဟာဆိုရင်လည်း ပါးချိုင့်လေးနှစ်ဖတ်နဲ့ အရမ်းကို ချစ်စရာကောင်းပြီး အေးချမ်းလှပါတယ်။ဟိုးအရင်ကတည်းက အနုပညာအလုပ်တွေကို တစ်စိုက်မက်မက်လုပ်ဆောင်ရင်း ပရိတ်သတ်ရဲ့ အချစ်တွေကို ရရှိခဲ့ပါတယ်နော်။

အခုချိန်ထိလည်း အနုပညာအလုပ်တွေကို လုပ်ဆောင်နေပြီး ဇာတ်ကားတိုင်းရဲ့ ကျရာဇာတ်ရုပ်ကို ပီပြင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တဲ့ မင်းသမီးလေးပါ။ခိုင်နှင်းဝေက အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေသလို အလှူအတန်းနဲ့ ပရဟိတလုပ်ငန်းများကိုလည်း ကိုယ်တိုင်းဦးဆောင်ပါဝင်ကာ စွမ်းစွမ်းတမံလုပ်ဆောင်နေတဲ့ စိတ်ထားဖြူစင်တဲ့ မင်းသမီးလေးဖြစ်ပါတယ်။

ခိုင်နှင်းဝေက ငယ်ငယ်တုန်းကလိုပဲ ဆံပင်အရှည်နဲ့ ကျက်သရေရှိစွာ နုငယ်ပျိုမျစ်နေတုန်းပါပဲနော်။အခုဆိုရင် ခိုင်နှင်းဝေက မွေးနေ့အကြိုအဖြစ်"နက်ဖြန်ကျရောက်မဲ့ကျမမွေးနေ့လေးမတိုင်ခင်မှာ မွေးနေ့အကြိုအနေနဲ့ ကျမချစ်တဲ့ မမခင်ဥမ္မာအေး (နာယက)နှင့် ကျမရဲ့ အသင်းသားများမှကျမကို Suprise အနေနဲ့ တွံတေးမြို့ မင်္ဂလာပရဟိတကျောင်းမှ ကလေး(၈၀၀) အားနေ့လည်စာကျွေးမွေး၍ ကလေးများနှင့်မွေးနေ့ပွဲကို ကျမမသိအောင် ကြိုတင်စီစဉ်ပေးထားခဲ့ပါတယ်.တကယ့်ကိုပျော်စရာမွေးနေ့အကြိုနေ့လေးဖြစ်ခဲ့ပါတယ်"ဆိုပြီး သူမရဲ့ ပီတိလေးနဲ့ ပုံရိပ်လေးတွေကို မျှဝေခဲ့ပါတယ်နော်။

Source:Khine Hnin Wai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။