ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့မှာတော့ ဘယ်ဂျီယံတရားရုံးဟာ ဖမ်းဆီးထားတဲ့ ပြင်သစ်နိုင်ငံသားတဦးကို ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခဲ့ပါတယ်။

၎င်းပြင်သစ်လူမျိုးကတော့ ၂၀၁၄ ခုနှစ်က ဂျူးပြတိုက်အတွင်း လူလေးဦးကို ပစ်သတ်ခဲ့တဲ့ မဲဂျီနေမို့ရှ် ပဲဖြစ်ပါတယ်။

ဘယ်ဂျီယံ ခုံသမာဓိတရားသူကြီးအဖွဲ့ အနေနဲ့လည်း သူ့ကိုပြစ်ဒဏ်ချမှတ်ဖို့အတွက် ၈ နာရီကြာ ဆွေးနွေးစဉ်းစားပြီးနောက်မှာ အခုလို ပစ်ဒဏ်ချမှတ်ခဲ့တာပဲဖြစ်ပါတယ်။

ဒါ့အပြင် ၎င်းအမျိုးသားကို သေနတ်အကူအညီပေးခဲ့တဲ့ အခြားပြင်သစ်နိုင်ငံသား နက်ဆာဘဟန်ဒါကိုလည်း ကြံရာပါမှုနဲ့ ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ဒီတိုက်ခိုက်မှုဟာ ဆီးရီးယားက ပြန်လာတဲ့ အနောက်ဥရောပသား တဦးရဲ့ ပထမဆုံး တိုက်ခိုက်မှုဖြစ်ပြီး ဒီတိုက်ခိုက်မှုဟာ မိခင်နိုင်ငံပြန်လာတဲ့ ဂျီဟတ်ဝါဒီတွေရဲ့ ခြိမ်းခြောက်မှုကို မီးမောင်းထိုးပြနေပါတယ် လို့သိရပါတယ် ။

source - dvb 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။