မင်းသမီးချောလေး နေခြည်ဦးကတော့ Beauty Bloger ,Facebook Cele တစ်ဦးအဖြစ်ကနေ တဖြည်းဖြည်းနဲ့ လူသိများအောင်မြင်လာခဲ့သူ ဖြစ်ပါတယ်။ ထက်မြက်တဲ့အရည်အချင်းတွေကို ပိုင်ဆိုင်ထားပြီး အလုပ်ကြိုးစားတဲ့ နေခြည်ဦးက အခု ၂၀၁၉ ခုနှစ်အစပိုင်းမှာတော့ သူမရဲ့အောင်မြင်မှုတွေက ထိပ်ဆုံးကို ရောက်ရှိလာခဲ့ပါတယ်။ နေခြည်ဦးက ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရပြီး Vivo နဲ့ Air KBZ ရဲ့ Brand Ambassadorအဖြစ် ခန့်အပ်ခြင်းလည်း ခံခဲ့ရပါတယ်။

ဒါ့အပြင် သူမက အချစ်ရေးနဲ့ပတ်သက်ပြီးလည်း ချစ်သူရဲ့ဂရုစိုက်အလေးပေးမှုတွေကို အပြည့်အ၀ ရရှိထားတာကြောင့် ပျော်ရွှင်နေရသူလေး ဖြစ်ပါတယ်။ ကျန်းမာရေးလိုက်စားတဲ့ နေခြည်ဦးက သူမရဲ့အားလပ်ချိန်လေးတွေမှာတော့ GYM ကစားလေ့ရှိပြီး အခုလည်း GYM ကစားနေတဲ့ အမိုက်စားပုံလေးကို တင်ပေးထားပါတယ်။ GYM ကစားပြီး တစ်ကိုယ်လုံး ချွေးတွေစိုရွှဲနေတာတောင်မှာ သူမရဲ့အလှက ဆွဲဆောင်မှုပြည့်နေတာ တွေ့ရပါတယ်။

နေခြည်ဦးက GYM ကစားနေရာမှ ခဏတဖြုတ်အနားယူရင်း ရိုက်ကူးထားတဲ့ အမိုက်စားပုံလေးကို သူမရဲ့ပရိသတ်တွေအတွက် တင်ပေးထားတာ ဖြစ်ပါတယ်။ ဖြူဖွေးဝင်းမွတ်တဲ့ အတွင်းသားအလှတွေ ပေါ်လွင်နေတဲ့ နေခြည်ဦးရဲ့ ပုံရိပ်တစ်ချို့ကတော့ ကြည့်မိသူတိုင်းရင်ကို တုန်လှုပ်စေခဲ့တာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် GYM ကစားနေတဲ့ နေခြည်ဦးရဲ့ စွဲမက်ချင်စရာကောင်းတဲ့ အလှပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Nay Chi Oo;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။