ပရိသတ်ကြီးရေ တစ်ခေတ်တစ်ခါမြန်မာဗီဒီယိုလောကရဲ့ မင်းသမီးချောလေးဖြစ်တဲ့ ဘေဘီမောင်ကိုသိကြမယ်ထင်ပါတယ်နော်။ ဘေဘီမောင်ဟာဆိုရင် မော်ဒယ်လ်သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ဖွံ့ဖွံ့ဖြိုးဖြိုးခန္ဓာကိုယ်နဲ့ ပုရိသတွေရဲ့ အသည်းစွဲ ဘာဘီရုပ်လေးတစ်ရုပ်လည်းဖြစ်ပါတယ်။ အရင်တုန်းက sexy ဆန်ဆန်ဝတ်လေ့ဝတ်ထရှိပင်မဲ့ အခုနောက်ပိုင်းမှာဆိုရင်တော့ မြန်မာဝတ်စုံလေးတွေကိုသာအမြတ်တနိုးနဲ့ဝင်ဆင်လာတာကိုတွေ့ရပြီး ရိုးရိုးယဉ်ယဉ်လှနေသူလေးတစ်ယောက်လည်းဖြစ်ပါတယ်။

သူမရဲ့တစ်ဦးတည်းသော အဆိုတော်သားဂန်းနဲ့အတူ သာယာအေးချမ်းတဲ့ ချစ်သူဘဝလေးကိုတည်ထောင်နေတာဖြစ်ပါတယ်။ နှစ်ဖက်မိဘများကလည်းသဘောတူထားတာဖြစ်ပြီး သက်ဆိုင်ရာ အနုပညာအလုပ်တွေကို တစ်ဦးနဲ့တစ်ဦးဖေးမလုပ်ကိုင်လျက်ရှိတာဖြစ်ပါတယ်။ ဘေဘီမောင်ဟာ သူမရဲ့မိဘနှစ်ပါးကို ပြုစုလုပ်ကျွေးနေတာဖြစ်ပြီး လိမ္မာရေးကြားရှိတဲ့ ဘာသာတရားကိုင်းရှိုင်းသူတစ်ယောက်ဖြစ်ပါတယ်။ ခရီးသွားဝါသနာသူဖြစ်ပြီး ချစ်သူသားဂန်းနဲ့အတူ ပျော်ရွှင်စွာ သွားရောက်လည်ပတ်ခဲ့တဲ့ ခရီးသွားမှတ်တမ်းပုံရိပ်လေးတွေကိုလည်းထုတ်ဖော်ပြသလေ့ရှိတာကိုတွေ့ရမှာပါ...။

ဘေဘီမောင်ဟာဆိုရင် ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင်လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှုအမျိုးမျိုးကိုအစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်။ အခုတစ်ခါမှာဆိုရင်လည်း ဘုရားရေသပ္ပာယ် ကုသိုလ်ပြုနေတဲ့ ကြည်နူးစရာအလွန်ကောင်းလှသော ပုံရိပ်လေးတွေကို "အသက်ရွှယ်ရလာချိန်မှာ အလိုဆန္နပြည့်ဝဖို့မဟုတ်ပဲ အလိုကင်းဖို့အတွက်ပဲကောင်းမှု့ကုသိုလ်ပြုလုပ်နေချင်တော့တယ်" ဆိုတဲ့ status လေးနဲ့တကွ သူမရဲ့ official facebook acc တွင်မျှဝေထားတာကိုတွေ့ရမှာပါ...။ Myanmarload ပရိသတ်ကြီးလည်းကြည့်ရှုအားပေးသွားကြပါဦးနော်...။

Source Baby Maung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။