ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာတော့ တရုတ်၊ အင်ဒိုနီးရှားနဲ့ အီသီယိုပီးယား နိုင်ငံတို့က လေကြောင်းလိုင်းတွေကို Boeing 737 MAX 8 အမျိုးအစားလေယာဉ်တွေကို ပြေးဆွဲတာရပ်နားဖို့ ညွှန်ကြားချက်ထုတ်ပြန်ခဲ့တယ်လို့သိရပါတယ်။

အခုလို ထုန်ပြန်ရတဲ့အကြောင်းရင်းကတော့ ၎င်းဘိုးရင်း 737 Max လေယာဉ်တွေဟာ ငါးလအတွင်းမှာ နှစ်ကြိမ်တိုင် ပျက်ကြခဲ့တာကြောင့် ခရိးသည်တွေရဲ့လုံခြုံရေးကို စိတ်ပူတဲ့အတွက် ထုတ်ပြန်ခဲ့တာပဲဖြစ်ပါတယ်။

ပထမဦးဆုံးပျက်ကျခဲ့တဲ့ ဖြစ်စဉ်ကတော့ ၂၀၁၈ အောက်တိုဘာလကလည်း လိုင်းယွန်းလေကြောင်းလိုင်းပြေးဆွဲတဲ့ ၎င်း ဘိုးရင်း လေယာဉ်ဟာ အင်ဒိုနီးရှားကမ်းလွန်ပင်လယ်ပြင်မှာ ပျက်ကျခဲ့တာပဲဖြစ်ပါတယ်။

ဒုတိယဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့မတ်လ ၁၀ ရက်နေ့က အီသီယိုပီးယားနိုင်ငံ မြို့တော် အဒစ်အဘာဘာကနေ ကင်ညာနိုင်ငံ နိုင်ရီုဘီမြို့ကို ပျံသန်းလာတဲ့ ၎င်း ဘိုးရင်းလေယာဉ်ဟာ ပျံတက်ပြီးမကြာခင်မှာတင် ပျက်ကျခဲ့တာပဲဖြစ်ပါတယ်။

ဒါ့ကြောင့် ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့မှာဆိုရင် ဘိုးရင်းလေယာဉ်ကုမ္ပဏီရဲ့ ရှယ်ယာဈေးဟာ ၁၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် အခုလိုရှယ်ယာဈေးကျဆင်းတာဟာ နှစ် ၂၀ နီးပါးအတွင်း တနေ့တည်းမှာ ရှယ်ယာဈေး အများဆုံးထိုးကျခဲ့တာဖြစ်တယ်လို့သိရပါတယ်။

source - dvb 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။