ဗြိတိန်ဝန်ကြီးချုပ်ထရီဆာမေကတော့ လာမယ့် မတ်လ ၂၉ ရက်နေ့မှာ အီးယူကနေ ထွက်ခွာရေးအတွက် စနစ်တကျလမ်းကြောင်းချမှတ်ဖို့ စထရက်ဘို့မြို့ကိုသွားပြီး ထပ်တိုးအာမခံချက်တွေအတွက် ဥရောပ ကော်မရှင်ဥက္ကဌ နဲ့ သဘောတူညီချက်ယူခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် ထရီဆာမေဟာ ဥပဒေအရ စည်းနှောင်တဲ့ ဘရက်ဇစ် အာမခံချက်တွေကို ဥရောပသမဂ္ဂထံကနေ ရရှိခဲ့တယ်လို့လည်းသိရပါတယ်။

လက်ရှိအချိန်မှာဆိုရင်လည်း ဝန်ကြီးချုပ်ထရီဆာမေဟာ သူ့ရဲ့ပါတီအတွင်းက ဘရက်ဇစ်ခွဲထွက်ရေး ဝါဒီတွေရဲ့ အီးယူကို အညံ့ခံတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ခံနေရတာပဲဖြစ်ပါတယ်။

ဒါ့ကြောင့် ယခုအာမခံချက်တွေဟာ ဘရက်ဇစ် သဘောတူညီချက်ကို ဆန့်ကျင်မယ်လို့ ခြိမ်းခြောက်ထားတဲ့ ဗြိတိန် အမတ်တွေအပေါ် အနိုင်ရဖို့ နောက်ဆုံးကြိုးပမ်းချက် လည်းဖြစ်ပါတယ်လို့သိရပါတယ်။

သို့ပေမယ့် ဝန်ကြီးချုပ် ထရီဆာမေ ရရှိခဲ့တဲ့ အာမခံချက်တွေဟာ ထပ်တိုး ပါလီမန်အမတ် ၁၁၆ ယောက်ကို အနိုင်ရလောက်အောင် လုံလောက်သလားဆိုတာတော့ သဲသဲကွဲကွဲ မရှိသေးပါဘူးလို့လည်း သိရပါတယ်။

source - dvb 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။