၂၀၁၅ယူ၂၀ကမ္ဘာဖလားမှာမြန်မာအသင်းရဲ့ကွင်းလယ်ကနေတိုက်စစ်ကိုအကောင်းဆုံးပံ့ပိုးပေးနိုင်ခဲ့ပြီးပရိသတ်တွေသတိထားမိခဲ့တာကတော့ကျော်မင်းဦးပဲဖြစ်ပါတယ်။အသက်ငယ်ငယ်လေးရဲ့ဘောလုံးကစားနည်းမှာပါရမီပါတာကြောင့်ပရိသတ်တွေနည်းပြတွေကပါချီးကျူးခဲ့ရတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။

သူကတော့ရန်ကုန်ယူနိုက်တက်အသင်ရဲ့အောင်မြင်မှုတွေမှာအကောင်းဆုံးကြိုးစားပါဝင်ခဲ့တဲ့ကစားသမားကောင်းတစ်ယောက်ဖြစ်ပါတယ်။ဒါပေမယ့်သူရဲ့ဒဏ်ရာအခြေနေတွေကြောင့်ခုမှာဆိုဘောလုံးလောကမှအပြီးတိုင်အနားယူသွားခဲ့ရပါပြီ။ယနေတိုင်ပရိသတ်တွေကသူ့ကိုနှမြောတမ်းတနေတုန်းပဲဖြစ်ပါတယ်။

သူ့လိုပါရမီရှိတဲ့ကစားသမားတစ်ယောက်အနားယူသွားတာဟာဘောလုံးသမားကောင်းတွေရှားပါးတဲ့မြန်မာအသင်းအတွက်တော့ဆုံးရှုံးမှုတစ်ခုဖြစ်ပါတယ်။သူကတော့ဘောလုံးလောကမှာခြေစွမ်းကောင်းတွေပိုင်ဆိုင်ထားရုံသာမကစိတ်ထားလေးဖြူစင်တာကြောင့်ကစားသမားတွေနည်းပြတွေကပါချစ်နေရတဲ့ကစားသမားဖြစ်ပါတယ်။သူ့ကိုလွမ်းနေတဲ့ပရိသတ်တွေအတွက်လည်းဘယ်တော့မှပြန်မမြင်နိုင်တော့တဲ့သူ့ရဲ့အကောင်းဆုံးစကေးvideoလေးကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:Yangon United 12th Players

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။