Jennifer Lopez ဟာဆိုရင် ကမ္ဘာ့အကဘုရင်မလို့တင်စားခေါ်ရတဲ့ အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ သူမဟာဆိုရင်လဲ သိပ်မကြာသေးခင်ကမှ စေ့စပ်ထားခြင်းဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ချစ်သူသက်တမ်းဟာဆိုရင် ၂နှစ်ကျော်နီးပါးရှိပြီဖြစ်ကာ ခုချိန်မှာတော့ စေ့စပ်ထားလိုက်ပြီဖြစ်ပါတယ်။ Jennifer Loepz ကစေ့စပ်ပြီးပြီဆိုတော့ ၄ယောက်မြောက်နဲ့ လက်ထပ်မှာပဲဖြစ်ပါတယ်။ အဲ့လိုဆိုတော့ ၄ကြိမ်မြောက်လက်ထပ်မှာပေါ့.....။ 

ဘာပဲဖြစ်ဖြစ်ပါ....သူမဟာဒီတစ်ကြိမ်မှာတော့ စစ်မှန်ချင်ပါတယ်လို့ပြောပြခဲ့ပါတယ်။ ခုချိန်မှာ Jennifer Lopez ဟာ သူချစ်သူ Alex Rodriguez ကသူမကို စေ့စပ်ခွင့်တောင်တုန်းက ပုံတွေကို ပြန်လည်မျှဝေပေးခဲ့ပါတယ်။ ပုံတွေဟာဆိုရင် စနေနေ့တုန်းက ကမ်းခြေမှာ စေ့စပ်ခွင့်တောင်းတုန်းက ပုံတေပဲဖြစ်ပါတယ်။ သူမတော်တော်ကိုပျော်သွားတာပါ.....မိန်းကလေးတိုင်း လက်ထပ်ခွင့်တောင်းခံရတဲ့ အချိန် အခိုက်အတန့်မှာ ပျော်ကြစမြဲပါ။ 

Alex အသက်ဟာ ၄၃နှစ်ရှိပြီဖြစ်ကာ သူဟာ Jennifer ရဲ့ ဘယ်ဘက်လက်သူကြွယ်မှာ ဒူးထောက်ပြီး ဝတ်ပေးခဲ့ပါတယ်။ သူဝတ်ပေးတဲ့ လက်စွပ်တန်ဖိုးဟာဆိုရင် ဒေါ်လာ၅သန်းတန်ဖိုးရှိတဲ့ စိန်လက်စွပ်ပဲဖြစ်ပါတယ်။ Alex Rodriguez ဟာလဲ သူရဲ့ Instagram မှာ Jennifer နဲ့အတူ ကျန်ရှိနေသေးတဲ့ အချိန်တွေကို ဖြတ်သန်းခြင်းတဲ့ အကြောင်းကို တင်ခဲ့ပါတယ်။ Jennifer ကလဲ " ကျွန်မ၃ကြိမ်လက်ထပ်ခဲ့ပြီးပြီပဲဖြစ်ကာ ဒီတစ်ကြိမ်မှာတော့ သေချာချင်တယ် " လို့ပြောကြားခဲ့ပါတယ်။

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။