ရုပ်ရှင်သရုပ်ဆောင်တွေဖြစ်ကြတဲ့ မင်းသမီးချောလေး ရွှေမှုန်ရတီနဲ့ ငွေမှုန်ရတီတို့ ညီအစ်မနှစ်ယောက်ကတော့ ထူးခြားတဲ့အလှတစ်မျိုးစီကို ကိုယ်စီပိုင်ဆိုင်ထားကြတာ ဖြစ်ပါတယ်။ အသက်အရွယ်ကွာခြားပေမယ့် သူမတို့ညီအစ်မနှစ်ယောက်က ရုပ်ရော အသံရော တစ်ပုံစံတည်း ဆင်တူကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် သူမတို့ညီအစ်မနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီရင်း ချစ်ချစ်ခင်ခင် နေထိုင်ကြတာလည်း တွေ့ရပါတယ်။

အနုပညာလောကကို အရင်ဆုံးဝင်ရောက်ခဲ့တဲ့ ရွှေမှုန်ရတီက နောက်ပိုင်းမှာ သူမရဲ့ညီမလေး ငွေမှုန်ရတီနဲ့အတူ ဇာတ်ကားတွေ ရိုက်ကူးခဲ့ပါတယ်။ သူမတို့ညီအစ်မနှစ်ယောက်အတူ ရိုက်ကူးခဲ့တဲ့ ဇာတ်ကားနဲ့ကြော်ငြာတွေကလည်း ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိခဲ့ပါသေးတယ်။အခုလည်း ငွေမှုန်ရတီက အင်္ကျီဆင်တူလေးတွေနဲ့ အရမ်းချစ်စရာကောင်းနေတဲ့ သူမတို့ညီအစ်မနှစ်ယောက်ရဲ့ ပုံလေးကို တင်ပေးထားတာ တွေ့ရပါတယ်။

ငယ်ငယ်ကတည်းက ချစ်စရာကောင်းတဲ့ သူမတို့ညီအစ်မနှစ်ယောက် အခုချိန်အထိ ငယ်ရုပ်လေးတွေမပျောက်ဘဲ ကြီးပြင်းလာတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အခုချိန်မှာ ရွှေမှုန်လေးက အိမ်ထောင်ကျသွားပြီဖြစ်ပေမယ့် ညီမလေးနဲ့အတူ အရင်လို အတူသွားအတူစားရင်း ပျော်ပျော်ရွှင်ရွှင် နေထိုင်နေကြတာလည်း တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ရွှေမှုန်ရတီနဲ့ ငွေမှုန်ရတီတို့ ညီအစ်မနှစ်ယောက်ရဲ့ ချစ်စရာကောင်းတဲ့ ငယ်ဘဝပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Ngwe Hmone Yati; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။