ချစ်ပရိတ်သတ်ကြီးရေ.... လတ်တလောမှာ လူငယ်ပရိတ်သတ်တွေကြားထဲရေပန်းအရမ်းစားနေပြီး အနုပညာလမ်းကြောင်းပေါ်မှဖြေးဖြေးနဲ့မှန်မှန်လေးလျှောက်လှမ်းနေခဲ့တဲ့ သူလေးကတော့ ပရိတ်သတ်တွေရဲ့ အချစ်တော်ဘေဘီစူးရှထက်ပဲဖြစ်ပါတယ်နော်။ sexy modelတစ်ယောက်ဖြစ်သလို အမိုက်စားဖက်ရှင်တွေကြောင့်ပုရိသတွေအခိုင်အမာအားပေးခြင်းခံနေရသူလေးပါ။

အမိုက်စား ပြည့်တင်းနေတဲ့ ခန္ဓာကိုယ်လှလှလေးရဲ့ပိုင်ရှင်ဖြစ်ပြီးတော့ ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးနဲ့ အချွဲပိုနေတဲ့ စကားသံလေးတွေကြောင့် ပရိတ်သတ်တွေအချစ်တွေပိုနေရသူလေးပါနော်။ sexy modelမလေးဖြစ်တဲ့အတွက် ဝေဖန်မှုတွေများစွာခံနေရပေမယ့် သူမကို အားပေးတဲ့ ပရိတ်သတ်တွေရဲ့ လက်ခုပ်သံတွေကိုပဲရင်ထဲမှာသိမ်းထားပြီး အနုပညာလမ်းကြောင်းပေါ်မှာရပ်တည်နေနိုင်ဖို့ကြိုးစားနေသူလေးပါနော်။

သူမဟာ အခုနောက်ပိုင်းမှာဆိုရင် အနုပညာအလုပ်တွေကို ခပ်စိပ်စိပ်လေးလုပ်လာနေပြီးတော့ အခုတစ်ခါမှာလည်းသူမကို ရှူတင်လေးတစ်ခုမှာ တွေ့ရပါတယ်နော်။ လက်တစ်လုံးအင်္ကျီလေးနဲ့ ကြွေချင်စရာကောင်မလေးတစ်ယောက်အဖြစ်တွေ့မြင်ရမှာဖြစ်ပြီးတော့ ဒီရိုက်ကွင်းက ပုံရိပ်လေးတွေကို "မိန်းခလေးပဲ အလှတော့ ကြိုက်မှာပဲ... စိတ်မချလို့ အလှတွေစွတ်မပြင်နဲ့တဲ့" ဆိုတဲ့ Captionလေးနဲ့ သူမရဲ့ လူမှုစာမျက်နှာပေါ်မှာတင်ထားတာကို တွေ့ရပါတယ်နော်။ကဲ... သူမကို အလှတွေစွတ်မပြင်ဖိုပြောထားတဲ့သူက ဘယ်သူလို့ထင်လဲ ပရိတ်သတ်ကြီးရေ....။

Source : Zar Chi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။