ဥရောပထိပ်တန်းလိဂ်ငါးခုဖြစ်တဲ့ စပိန်လာလီဂါ၊ ပရီးမီးယားလိဂ်၊ ဂျာမန်ဘွန်ဒက်လီဂါ၊အီတလီစီးရီးအေနှင့်ပြင်သစ်လီဂူးပြိုင်ပွဲငါးခုတွင် ဂိုးသွင်းအများဆုံးနှင့်ဂိုးဖန်တီးမှုအများဆုံးကစားသမားအဖြစ် ထိပ်ဆုံးမှဦးဆောင်နေပြီး ဥရောပရွှေဖိနပ်ဆုအတွက် ရေပန်းစားနေတာပဲ ဖြစ်ပါတယ်။ မက်ဆီဟာ ယခုရက်သတ္တပတ်အတွင်းကစားခဲ့တဲ့ စပိန်လာလီဂါပွဲစဉ်အဖြစ် ဗယ်လ်ကာနိုအသင်းနှင့်ပွဲစဉ်တွင် ပင်နယ်တီမှတစ်ဆင့်ဂိုးသွင်းယူနိုင်ခဲ့သလို အသင်းဖော် ပီကေးရဲ့သွင်းဂိုးအတွက် ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့ပြီးနောက် ဂိုးသွင်းအများဆုံးနှင့်ဂိုးဖန်တီးမှုအများဆုံးစာရင်းတွင် ထိပ်ဆုံးမှဦးဆောင်နေတာပဲ ဖြစ်ပါတယ်။

ယခုရက်ပိုင်းအတွင်းကစားခဲ့တဲ့ ဥရောပလိဂ်ငါးခုပြီးဆုံးချိန်တွင် မက်ဆီဟာစပိန်လာလီဂါပြိုင်ပွဲ ၂၅ ပွဲတွင် ၂၆ ဂိုးသွင်းယူပြီး ၁၂ ကြိမ်ဂိုးဖန်တီးမှုပြုလုပ်နိုင်သောကြောင့် ထိပ်ဆုံးမှာရပ်တည်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိ ဥရောပလိဂ်ငါးခုတွင် ဂိုးသွင်းအများဆုံးကစားသမားအဖြစ်မက်ဆီရဲ့နောက်တွင် ရပ်တည်နေတာကတော့ ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး အမ်ဘက်ပီက ၂၁ပွဲကစားပြီး ၂၄ ဂိုးဖြင့်လည်းကောင်း၊ ဆမ့်ဒိုးရီးယားအသင်းမှ ကွာဂလီရယ်လာက ၂၅ ပွဲကစားခဲ့ပြီး ၁၉ ဂိုးဖြင့်လည်းကောင်း ၊ ဂျူပင်တပ်အသင်းမှ စီရော်နယ်ဒိုက ၂၆ ပွဲကစားခဲ့ပြီး ၁၉ ဂိုးဖြင့်လည်းကောင်း ၊ မန်စီးတီးအသင်းမှ အဂူရိုက ၂၆ ပွဲကစားခဲ့ပြီး ၁၈ ဂိုးဖြင့်လည်းကောင်း ရပ်တည်နေတာပဲ ဖြစ်ပါတယ်။

ဂိုးဖန်တီးမှုအများဆုံး ကစားသမားစာရင်းတွင်လည်း မက်ဆီရဲ့နောက်တွင် ချယ်လ်ဆီးအသင်းမှ ဟာဇက်က ၂၇ ပွဲကစားပြီး ၁၁ ကြိမ်ဖြင့်လည်းကောင်း၊ ဒေါ့မွန်အသင်းမှ ဆန်ချိုက ၂၅ ပွဲကစားခဲ့ပြီး ၁၀ ကြိမ်ဖြင့်လည်းကောင်း၊ ဘိုင်ယန်မြူးနစ်အသင်းမှ ကင်မစ်က ၂၅ ပွဲကစားခဲ့ပြီး ၁၀ ကြိမ်ဖြင့်လည်းကောင်း၊ ဘုန်းမောက်အသင်းမှ ဖရေဆာက ပွဲ ၃၀ ကစားခဲ့ပြီး ၁၀ ကြိမ်ဖြင့်လည်းကောင်း အသီးသီးရပ်တည်ခဲ့တာပဲ ဖြစ်ပါတယ်။

SOURCE:Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။