ပြည်တွင်း တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူတွေရဲ့ ဘဝတက်လမ်းစာမေးပွဲဖြေဆိုမှုဟာဆိုရင်ဖြင့် ဒီကနေ့ ဟာနောက်ဆုံးနေ့လေးပဲဖြစ်ပါတယ်။ ဖြေဆိုနိုင်သူတွေကတော့ အပြုံးတွေဝေေ၀ဆာဆာနဲ့ ဖြတ်သန်းခဲ့ကြရပြီး အချို့သောသူတွေကတော့ တစ်စုံတရာလွှဲချော်မှုတွေကြောင့် ရင်တထိပ်ထိပ်နဲ့ဖြစ်နေကြတာတွေ့ရပါတယ်။  

ဒီကနေ့ တက္ကသိုလ်ဝင်တန်းနောက်ဆုံးနေ့မှာ ကျောင်းသား၊ ကျောင်းသူတွေနဲ့တန်းတူပျော်ရွှင်ခဲ့တဲ့ အခန်းစောင့်ဆရာ၊ ဆရာမတွေရဲ့ ပုံရိပ်အချို့ကလည်း ပရိသတ်တွေကြားမှာရေပန်းစားခဲ့တာတွေ့ရပါတယ်။ အဆိုပါ ဆရာမတွေရဲ့ ထဲမှာ ဆရာမတစ်ဦးရဲ့ Tik Tok ဗီဒီယိုဖိုင်လေးကတော့ ပရိသတ်တွေကြားမှာရေပန်းစားခဲ့တာတွေ့ရပါတယ်။  

အဆိုပါ Tik Tok ဗီဒီယိုဖိုင်လေးကတော့ ဒီကနေ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲအပြီး မှာရိုက်ကူးခဲ့တဲ့ ဗီဒီယိုဖိုင်လေးဖြစ်ပြီး ကြည့်ရှု့သူများစွာရှိခဲ့တာလည်း တွေ့ရပါတယ်။ ချစ်စရာပုံစံလေးနဲ့ အမိုက်စားရိုက်ကူးခဲ့တဲ့ တက္ကသိုလ်ဝင်တန်းအခန်းစောင့်ဆရာမတစ်ဦးရဲ့ ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

Photos - Aung Zaw Myint

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။