ပရိသတ်ကြီးရေ ကိုးရီးမလေးတစ်ယောက်လို ချစ်ဖို့ကောင်းပြီး မြန်မာပြည်ရဲ့ ထိတ်တန်းမိတ်ကပ်ပညာရှင်ဖြစ်တဲ့ ဟန်နာယူရီကို အထူးတလည် မိတ်ဆက်ပေးစရာမလိုဖူးထင်ပါတယ်နော်။ သူမဟာဆိုရင် ခေတ်ရေစီးကြောင်းအလိုက် ဝတ်စားဆင်ယင်တက်ပင်မဲ့ ဘုရားသွားကျောင်းတက်အခါတွေမှာတော့ မြန်မာဝတ်စုံလေးတွေနဲ့ အိန္ဒြိရှိရှိပြုမူနေထိုင်တက်သူ တစ်ယောက်ဖြစ်တာမလို့ တတိုင်းပြည်လုံးရှိပရိသတ်တွေက ဝန်းရံအားပေး ချစ်ခင်လျက်ရှိတာဖြစ်ပါတယ်။


ခရီးအမြဲထွက်လေ့ရှိတဲ့ဟန်နာယူရီက ပရိသတ်တွေကို သူမရဲ့ချစ်စဖွယ် အမူအရာလေးတွေနဲ့ Tik Tok video လေးတွေကစားပြီး ဖျော်ဖြေတင်ဆက်ပေးလေ့ ရှိတာလည်းဖြစ်ပါတယ်။ မိတ်ကပ်ပညာရှင် တစ်ယောက်ဖြစ်ရုံသာမက တစ်ဖက်တစ်လှန်း ကနေ အနုပညာအလုပ်တွေကို လုပ်ကိုင်နေသူတစ်ယောက်ဖြစ်ပြီး မိဘနှစ်ပါးကို ပြုစုလုပ်ကျွေးနေတဲ့ သမီးအလိမ္မာလေး တစ်ယောက်လည်းဖြစ်ပါတယ်။ ပြောအဆိုချိုသာပြေပြစ်လွန်းပြီး လူတိုင်းအပေါ်ရိုးသားစွာ ခင်မင်ဆက်ဆံပေါင်းသင်းတက်တဲ့ ချစ်စရာမိန်းကလေးတစ်ယောက်ပဲဖြစ်ပါတယ်...။

ဟန်နာကတော့ ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင်လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကိုအစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်...။ အခုတစ်ခါမှာဆိုရင်လည်း ကြည့်မိသူတိုင်းကြွေဆင်းသွားလောက်တဲ့ အလှပုံရိပ်လေးတွေကို သူမရဲ့ official facebook acc တွင်ထုတ်ဖော်တင်ဆက်ပြသထားတာဖြစ်ပြီး Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်....။

Source Hanna Yu Ri

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။