ချစ်ပရိတ်သတ်ကြီးရေ... လူငယ်တွေကြားထဲမှာအရမ်းကိုလူကြိုက်များပြီးတော့ ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးနဲ့ပရိတ်သတ်တွေရဲ့ ရင်ခုန်သံတွေလက်ခုပ်သံတွေကိုသိမ်းပိုက်သွားနိုင်တဲ့ အိမ့်ထရက်သျှာဆိုတဲ့မော်ဒယ်မလေးကိုပရိတ်သတ်ကြီးသိမှာပါနော်။ အမိုက်စား ခန္ဓာကိုယ်လေးရယ် အရုပ်မလေးလိုချစ်ဖို့ကောင်းတဲ့ မျက်နှာလေးရယ်က ပရိတ်သတ်တွေကိုရင်အခုန်မြန်စေခဲ့တဲ့အကြောင်းရင်းလေးတွေပါပဲနော်။

မော်ဒယ်လောကမှာလည်း ပရိတ်သတ်တွေလက်ခံအားပေးတဲ့နေရာတစ်နေရာကို ရရှိထားပြီးတော့ သူမရဲ့အသံချိုချိုလေးတွေနဲ့သီဆိုထားတဲ့သီချင်းလေးတွေဟာလည်း ပရိတ်သတ်တွေရင်ထဲကိုထိုးဖောက်ဝင်ရောက်နိုင်စွမ်းအပြည့်ရှိပါတယ်နော်။ ဒီနောက်ပိုင်းမှာလည်းသူမဟာ သရုပ်ဆောင်အနုပညာလောကထဲကိုပါ အခြေချနိုင်ဖို့ကြိုးစားနေခဲ့ပါတယ်နော်။

လတ်တလောမှာတော့ ထုံစံအတိုင်းသူမဟာ ခရီးလေးတွေထွက်ဖြစ်နေပါတယ်နော်။ သူမဟာ စိတ်ညစ်စရာတွေအပြည့်နဲ့ လောကကြီးထဲမှာ စိတ်ရှုပ်ဖို့ကောင်းတဲ့ အလုပ်တွေနဲ့ လူတွေကို ခနမေ့ထားပြီးတော့ ကမ္ဘာကြီးဆီကို အလည်အပတ်သွားနေခဲ့ပါတယ်နော်။ မကြာသေးခင်က မှသူမဟာ ကမ်းခြေထက်မှာ အပန်းတွေဖြေခဲ့ပြီးတော့ အခုတစ်ခါမှာတော့ မန္တလာမြေပေါ်ကို အလည်အပတ်ရောက်နေခဲ့ပါပြီနော်။ သူမဟာ သူမရဲ့ ခရီးစဉ်တစ်လျှောက် လှုပ်ရှားမှုတွေအားလုံးကိုလည်း သူမရဲ့ ချစ်ပရိတ်သတ်တွေအတွက် မျှဝေပေးနေပါတယ်နော်။ ကဲ... ချစ်ပရိတ်သတ်ကြီးကိုလည်း သူမမန္တလာမြေရောက်တုန်း ရှေးဟောင်းသမိုင်းဝင်နေရာတွေမှာ ရိုက်ထားတဲ့ အမှတ်တရပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Eaint Treasure

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။