ယခုလအတွင်းနိုင်ငံတကာခြေစွမ်းပွဲများ ကစားရန် မြန်မာအသင်းရဲ့ပမာဏ ကစားသမား ၂၇ ဦးစာရင်းတွင်ရွေးချယ်ခံရသည့် တိုက်စစ်မှူးအောင်သူနှင့် ခံစစ်ကစားသမားဇော်မင်းထွန်းတို့ဟာ မတ်လ ၁၇ ရက်မှသာ အသင်းနှင့်လာရောက်ပူးပေါင်းမှာပဲ ဖြစ်ပါတယ်။ မြန်မာအသင်းဟာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် အသိအမှတ်ပြု နိုင်ငံတကာခြေစမ်းပွဲစဉ်ကာလဖြစ်သည့် ယခုလအတွင်း နိုင်ငံတကာခြေစမ်းပွဲစဉ်နှစ်ပွဲကို မန္တလေးမြို့ မန္တလာသီရိအားကစားကွင်းတွင် ယှဉ်ပြိုင်ကစားရမှာပဲ ဖြစ်ပြီး မတ် ၁၉ ရက်တွင် တရုတ်(တိုင်ပေ) အသင်းနှင့်လည်းကောင်း၊ မတ် ၂၅ ရက်တွင် အင်ဒိုနီးရှားအသင်းနှင့်လည်းကောင်း ယှဉ်ပြိုင်ကစားရမှာပဲ ဖြစ်ပါတယ်။  

မြန်မာအသင်းအနေဖြင့်ည ခြေစမ်းပွဲစဉ်နှစ်ပွဲအတွက် မတ်လ ၁၁ ရက်မှ စတင်ပြီး မန္တလေးတွင် စခန်းသွင်းလေ့ကျင့်မှုများပြုလုပ်နေသော်လည်း ကစားသမားအစုံအလင်ပါဝင်နိုင်ခြင်းမရှိသေးပဲ ရန်ကုန်ယူနိုက်တက်အသင်းနှင့်ရှမ်းယူနိုက်တက်အသင်းတို့တွင် ပါဝင်သည့် ကစားသမားအနေဖြင့် မတ် ၁၄ ရက်မှ လာရောက်ပူးပေါင်းမည်ဖြစ်ပြီး ထိုင်း လိဂ်-၁ တွင် ကစားနေသည့် အောင်သူနှင့်ဇော်မင်းထွန်းတို့သည်လည်း မတ် ၁၇ ရက်မှသာ အသင်းနှင့် ပူးပေါင်းမှာပဲဖြစ်ပါတယ်။  

မြန်မာအသင်းကို ယာယီနည်းပြအဖြစ် ရန်ကုန်ယူနိုက်တက်အသင်းနည်းပြ ဦးမျိုးမင်းထွန်းက တာဝန်ယူကိုင်တွယ်မည်ဖြစ်သော်လည်း လက်ရှိတွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့်အတူ AFCB Cup ပြိုင်ပွဲအုပ်စုပွဲစဉ်ကို တာဝန်ယူကိုင်တွယ်နေတဲ့အတွက် လက်ထောက်နည်းပြ ဦးဇော်လင်းထွန်းာဦးဆောင်ပြီး စခန်းသွင်းလေ့ကျင့်မှုများ ပြုလုပ်နေတာပဲဖြစ်ပါတယ်။

Source - Myanmar Football Federation 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။