မကြာခင်မှာတော့ မြန်တို့ရဲ့ နှစ်သစ်ကူးပွဲတော် သင်္ကြန်ပွဲတော်ကို ရောက်ရှိတော့မှာ ဖြစ်ပါတယ်။ ရေပက်သူကပက် ရေပက်ခံထွက်သူတွေကထွက် တရားစခန်းဝင်သူတွေကဝင် စသဖြင့် မြန်မာတို့ရဲ့ ချစ်မြတ်နိုးစရာကောင်းတဲ့ ပွဲတော်ကြီးမှာ အနုပညာရှင်တွေလည်း ဘာလုပ်နေကြမလည်း မသိချင်ကြဘူးလား ပရိသတ်ကြီးရေ…

အနုပညာရှင် အများစုကတော့ မဏ္ဍာပ်ထိုင်သူကထိုင် သီချင်းဆိုသူကဆို စသဖြင့် ပရိသတ်ကို ဖျော်ဖြေရင်းကုန်ဆုံးကြမှာ ဖြစ်ပါတယ်။ အနုပညာရှင်တွေထဲမှာမ ပရိသတ်အရမ်းချစ်ရတဲ့ ပြေတီဦးနဲ့ အူဝဲ တို့ကကော သင်္ကြန်တွင်း ဘာတွေများလုပ်မလည်း မသိဘူး ပရိသတ်ကြီးရေ………

ပြေတီဦးကတော့ သင်္ကြန်တွင်းမှာ မိသားစုလိုက် ခရီးသွားဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။

“သင်္ကြန် အစီစဉ်ကတော့ မိသားစုနဲ့ပဲ အတူတူရှိနေဖို့များပါတယ်။ လူပျိုဘဝတုန်းကဆိုရင်တော့ ကျွန်တော်က သင်္ကြန်တွင်းမှာ ကားရိုက်ရင်းနဲ့ဘဲ သင်္ကြန်တွင်းကို ဖြတ်သန်းတယ်ပေါ့နော် အိမ်ထောင်ကျပြီးတဲ့ နောက်ပိုင်းမှာတော့ တစ်ချို့နှစ်တွေက ခရီးသွားတယ် တစ်ချို့နှစ်တွေကျတော့ အိမ်မှာပဲနေတယ်ပေါ့ ဒီနှစ်တော့ မိသားစုနဲ့အတူတူ ခရီးသွားဖြစ်ဖို့များမယ်ထင်တယ်။ နေရာကတော့ ခုစီစဉ်တုန်းပါပဲ နိုင်ငံခြားဖြစ်မလားမသိဘူး။ သင်္ကြန်တွင်းဆိုတာကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာက အကောင်းဆုံးပဲပေါ့နော် ဒါပေမယ့် ခတ်တာက ကျွန်တော်တို့က ကလေးတွေလည်းရှိနေတဲ့ အခါကျတော့ သွားဖို့လာဖို့ လည်ဖို့ပတ်ဖို့က သိပ်မလွယ်တော့ နားနားနေနေပဲ ခရီးလေးပဲထွက်လိုက်မယ်လို့ စဉ်းစားတာပေါ့နော် မိသားစုလေးနဲ့ဆိုတော့ ပျော်စရာကောင်းမှာပါ” လို့ ပြေတီဦးက ပြောပြခဲ့ပါတယ်။

Source: Myanmar Celebrity

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။