ချန်ပီယံလိဒ်၁၆သင်းရှုံးထွက်ပွဲစဉ်တွေရဲ့ဒုတိယအကျော့ပွဲစဉ်တွေကိုဒီနေ့မနက်အစောပိုင်းမှာယှဉ်ပြိုင်ကစားခဲ့ကြပြီးမထင်မှတ်တာတွေလုပ်ပြသွားခဲ့တာပါ။နောက်တစ်ဆင့်တက်ဖို့ရေပန်းစားနေတဲ့အသင်းတွေကတော့မမျှော်လင့်တဲ့ရလဒ်တွေကြောင့်၁၆သင်းအဆင့်ကနေထွက်ခွာခဲ့ရပါတယ်။ချန်ပီယံလိဒ်ကတော့ပရိသတ်တွေကိုတဖြည်းဖြည်းနဲ့ရင်ခုန်စရာတွေပေးနိုင်ခဲပြီဖြစ်ပါတယ်။

ဒီမနက်ပွဲစဉ်တွေထဲမှာမှပရိသတ်တွေစိတ်အဝင်စားဆုံးဖြစ်တဲ့ဂျူဗင်တပ်အသင်းနဲ့အက်တလက်တီကိုအသင်းတို့ပွဲစဉ်မှာတော့ပရိသတ်တွေကိုရင်ခုန်စရာတွေအပြည့်ပေးနိုင်ခဲ့တာပါ။ပထမအကျော့ကတီကိုအသင်းက(၂-ဝ)နဲ့အနိုင်ရခဲ့တာကြောင့်နောက်တစ်ဆင့်တက်ဖို့အခြေနေကောင်းပေမယ့်ဂျူဗင်တပ်ကြယ်ပွင့်ရဲ့ဟက်ထရစ်ဂိုးတွေကြောင့်အရှုံးပေးရပြီးပြိုင်ပွဲကထွက်ခဲ့ရတာပါ။

ရော်နယ်ဒိုဟာဂျူဗင်ကိုရောက်စဉ်ကခြေစွမ်းမပြနိုင်ခဲ့ပေမယ့်ခုမှာတော့အသင်းရဲ့မရှိမဖြစ်လူတစ်ယောက်ဖြစ်လာခဲ့ပါပြီ။ဒီနေ့ပွဲမှာအသင်းအတွက်၃ဂိုးသွင်းယူပေးခဲ့ပြီးကွာတားဖိုင်နယ်ကိုတက်ရောက်စေခဲ့တာပါ။ရော်နယ်ဒိုကတော့အဆိုပါဟက်ထရစ်ကြောင့်ချန်ပီယံလိဒ်ကစားတဲ့သမိုင်းတစ်လျောက်ဟက်ထရစ် ၈ကြိမ်ရရှိပြီးဘောလုံးစတား မက်ဆီရဲ့စံချိန်ကိုမှီနိုင်ခဲ့ပြီဖြစ်ပါတယ်။

SOURCE:Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။