ပရိသတ်အချစ်တော် ယုသန္တာကတော့ အနုပညာပျိုးခင်းအစီစဉ်ကနေ ပထမဆုံးအကြိမ် စတင်စင်တင်ပေးခဲ့တဲ့ မင်းသမီးသုံးလက်ထဲမှာပါဝင်ခဲ့တဲ့ မင်းသမီးချောလေးတစ်လက်ဖြစ်ပါတယ်။သူမကတော့ချစ်စရာကောင်းတဲ့ပုံစံလေးကြောင့် အနုပညာလောကကို စတင်ဝင်ရောက်ချိန်ကတည်းက ပရိသတ်တွေသတိထားမိခဲ့တဲ့သူပဲ ဖြစ်ပါတယ်။ယုသန္တာတင်ကတော့ အနုပညာလမ်းကြောင်းပေါ်မှာ ရှန်းရှန်းတောက်အောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်မဟုတ်ပေမယ့်လည်း ဗီဒီယိုဇာတ်ကားတော်တော်များများမှာ နေရာယူခဲ့ပြီး ထူးခြားတဲ့ သရုပ်ဆောင်မှုတွေကြောင့် အခုချိန်ထိ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်မာရရှိထားတာဖြစ်ပါတယ်။

သူမကတော့လက်ရှိမှာ ပြည်တွင်းပြည်ပခရီးစဉ်တွေ ဆက်တိုက်ထွက်နေတာဖြစ်ပြီး ခရီးစဉ်တစ်လျှောက် အမှတ်တရ ပုံရိပ်တွေကိုလည်းဖော်ပြခဲ့တာလည်းတွေ့ရပါတယ်။လတ်တလောမှာတော့ ငပလီကိုရောက်ရှိနေတာဖြစ်ပြီး သူမရဲ့ ဖြူဥနေတဲ့ ခန္တာကိုယ်အလှတရားတွေ ပေါ်လွင်စေတဲ့ အလှကြီးလှနေတဲ့ အမိုက်စားပုံလေးတွေကိုဖော်ပြထားတာတွေ့ရပါတယ်။ပုံလေးတွေတိုင်းမှာ ဆွဲဆောင်မှုရှိရှိနဲ့ အခါခါပြန်ကြည့်မိအောင်ကို လှရက်လွန်းနေတာဖြစ်ပါတယ်။

ဒီနေ့မှာတော့ သူမရဲ့ ကမ်းခြေထက်က လန်းလွန်းနေတဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေ ကြည့်ရူ့နိုင်စေရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။အနုပညာအလုပ်တွေ နည်းပါးနေပေမဲ့လည်း သူမရဲ့နေ့စဉ်လှုပ်ရှားမှု ပုံရိပ်လေးတွေကို ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြပေးလျက်ရှိပါတယ်။ချစ်ပရိတ်သတ်ကြီးလည်း ယုရဲ့ ခရီးသွား အမှတ်တရ ချစ်စရာပုံရိပ်လေးတွေကို ကြိုက်နှစ်သက်လိမ့်မယ်ထင်ပါတယ်။

Source:Yu Thandar Tin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။