ပရိတ်သတ်ကြီးရေ လွှမ်းပိုင်နဲ့ Bobby Soxer တို့စုံတွဲလေးကတော့ အနုပညာလမ်းကြောင်းပေါ်မလျှောက်ခင်ကတည်းက တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြတဲ့ လူငယ်စုံတွဲလေးပဲဖြစ်ပါတယ်။အနုပညာလောကထဲကိုလည်း နှစ်ယောက်အတူတူ ဝင်ရောက်လာပြီး တေးသီချင်းပေါင်းများစွာကို လူငယ်တွေအကြိုက်သီဆိုတဲ့သူတွေဖြစ်လို့ လူငယ်တွေကြားမှာ အရမ်းရေပန်းစားတဲ့စုံတွဲလေးပါ။B Sox ကလည်း သေးသေးသွယ်သွယ်လေးနဲ့ အရမ်းပဲချစ်ဖို့ကောင်းသလို လွှမ်းပိုင်ကလည်း သေးသေးသွယ်သွယ်လေးပဲဖြစ်လို့ နှစ်ယောက်သားက အရမ်းကို လိုက်ဖက်ပါတယ်နော်။

သူတို့စုံတွဲလေးက နှစ်ယောက်ပေါင်းပြီး သီဆိုထားတဲ့ တေးသီချင်းတွေကိုလည်း ပရိတ်သတ်တွေက အရမ်းကို နှစ်ခြိုက်ကြပါတယ်။လွှမ်းပိုင်က အခုနောက်ပိုင်းမှာ သီချင်းအသစ်တွေလည်းသီဆိုသလို ဇာတ်ကားပေါင်းများစွာမှာလည်း ပါဝင်သရုပ်ဆောင်လာတာကို တွေ့ရပါတယ်။B Sox ကတော့ သရုပ်ဆောင်ပိုင်းကို ဝါသနာမပါဘဲ တေးသီချင်းအသစ်များစွာကိုသာ ဖန်တီးနေတာဖြစ်ပါတယ်။သူတို့စုံတွဲလေးကတော့ ပရိတ်သတ်တွေရဲ့ အချစ်တော်လေးပဲဖြစ်လို့ သူတို့ဘာလုပ်လုပ် ပရိတ်သတ်တွေက တစ်ခဲနက်ဝန်းရံကြပါတယ်။

အခုချိန်ထိ လွှမ်းပိုင်နဲ့ B Soxတို့စုံတွဲလေးကrelationship လေးကို တည်ဆောက်လာတာ နှစ်ပေါင်းမနည်းတော့ ပြီဖြစ်လို့ တစ်ယောက်ကိုတစ်ယောက် နားလည်မှုတွေ ချစ်ခြင်းမေတ္တာတွေကတော့ အပြည့်ပါပဲနော်။နှစ်ယောက်လုံးရဲ့ ချစ်စရာကောင်းတဲ့ အမူအရာတွေနဲ့ အရမ်းရိုလွန်းတာလေးတွေကလည်း ပရိတ်သတ်တွေကို အားကျရစေပါတယ်။ဘယ်နေရာကိုပဲသွားသွား ချစ်သူနှစ်ယောက်ကို အမြဲတမ်းတွဲတွေ့ရမှာဖြစ်ပါတယ်။အခုဆိုရင်လည်း လွှမ်းပိုင်ရဲ့ အမိုက်စားပုံရိပ်တွေကို ပရိတ်သတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

Source:Hlwan Paing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။