လွန်ခဲ့တဲ့နှစ်အနည်းငယ်က သီချင်းတစ်ပုဒ်ကို အမြဲတမ်းနှစ်ယောက်တူတူ စင်ပေါ်မှာ တွဲဆိုတဲ့ ချစ်စရာကောင်းတဲ့ ညီအစ်မလေးနှစ်ယောက်ပေါ့ ။Admin တို့နဲ့အသက်သိပ်မကွာလို့ အရင်တုန်းက သူတို့ရဲ့ သီချင်းလေးတွေက မိန်းကလေးတွေအရမ်းကြိုက် အရမ်းခေတ်စားခဲ့ပါသေးတယ်။

စင်ဒီ နဲ့ ကြိုးကြာတို့ ညီအစ်မဟာ ဂီတနဲ့ပတ်သက်ပြီး ကင်းကွာပေမယ့် အပြင်လောကမှာတော့ သူတို့နှစ်ဦး တတွဲတွဲရှိတဲ့ ပုံလေးတွေကို ဖေ့ဘုတ်မှာ မကြာခဏတင်ထားပါတယ်။

သမီးလေးနှစ်ယောက်ရဲ့ မေမေဖြစ်တဲ့ စင်ဒီကတော့ ခုချိန်ထိ အပျိုလေးတစ်ယောက်လိုပဲ ချစ်စရာကောင်းပြီး နုပျိုသွက်လက်နေဆဲဖြစ်သလို  ကြိုုးကြာကတော့ ယူရေနီယမ်အဖွဲ့က Dancer တစ်ဦးနဲ့ အိမ်ထောင်ကျသွားပြီဖြစ်တယ်လို့ သိရပါတယ်

အနုပညာအလုပ်တွေအတွက် အချိန်မပေးဖြစ်သေးတဲ့ စင်ဒီ နဲ့ ကြိုးကြာ တို့ ညီအစ်မနှစ်ယောက်ကို မေ့နေပြီလား ပရိသတ်ကြီးရေ။  

သတင်းအရင်းမြစ် MHM media

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။