ပရိသတ်ကြီးရေ.. သရုပ်ဆောင်မင်းသမီးချောလေး ပိုင်ဖြိုးသုကတော့ အနုပညာလောကထဲမှာ ပရိသတ်တွေအခိုင်အမာနဲ့ အောင်မြင်ကျော်ကြားတဲ့ ပြည်သူ့အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေးပဲ ဖြစ်ပါတယ်နော်..။

ပီပြင်တဲ့ သရုပ်ဆောင်ပိုင်နိုင်မှုတွေကြောင့် အကယ်ဒမီထူးချွန်ဆုတွေကိုပါ ရရှိသိမ်းပိုက်ထားသလို ရိုးသားပြီး ချစ်စရာကောင်းတဲ့ ဟန်ပန်အမူအရာလေးတွေကြောင့်လည်း ပြည်သူပရိသတ်တွေရဲ့ အချစ်တွေကိုပါ ရရှပိုင်ဆိုင်ထားသူလေးပဲ ဖြစ်ပါတယ်နော်..။

အားပေးချစ်ခင်နေကြတဲ့ ချစ်ပရိသတ်တွေအတွက် အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ောဆင်နေတဲ့ သုသုလေးကတော့ ခင်ပွန်းဖြစ်သူ အိမ်ဦးနတ် နေမကောင်းဖြစ်နေချိန် အနားမှာ မပြုပေးနိုင်လို့ စိတ်မကောင်းဖြစ်နေတာ တွေ့ရပါတယ်..။

သုသုလေးတစ်ယောက်ကတော့ နေမကောင်းဖြစ်နေတဲ့ ခင်ပွန်းဖြစ်သူကို အနားကနေ မပြုစုပေးနိုင်တဲ့အတွက် စိတ်မကောင်းဖြစ်နေတဲ့ အကြောင်းလေးနဲ့ ခင်ပွန်းဖြစ်သူကိုလည်း တောင်းပန်စကားလေးလည်း ဆိုထားပါသေးတယ်..။

“အိမ်ဦးနတ်နေမကောင်းဖြစ်နေချိန်မှာ ကိုယ်က မနက်ပိုင်း ပွဲတက် နေ့လယ်ကနေစပြီး အခု မိုးချုပ်တဲ့အထိ shooting မှာကားရိုက်… သနားပါတယ် ဆရာဝန်မိန်းမယူထားပေမယ့် သူခမျာ ဆေးခန်းသွားပြတော့ သူ့အကိုနဲ့ သွားရရှာတယ်.. The worst feeling ever!!! I’m so sorry for being such a workerholic boo..” ဆိုပြီး ပိုင်ဖြိုးသုက သူမရဲ့လူမှုကွန်ယက်မှာ ရေးသားထားတာ ဖြစ်ပါတယ်နော်..။

ချစ်စရာကောင်းတဲ့ သုသုလေးကတော့ သူမအတွက်ထက် ပရိသတ်တွေကို ပိုချစ်သူလေးမို့ ချစ်ပရိသတ်တွေကလည်း သုသုလေးကို အားပေးစကားလေးတွေ ပြောပေးသွားကြပါဦးနော်..။

Photo - ပိုင်ဖြိုးသု

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။