ဟာသသရုပ်ဆောင် မင်းသမီးလေး ဖြူဖြူထွေးကတော့ သူမရဲ့ဟာသဗီဒီယိုလေးတွေကြောင့် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုနဲ့အတူ အားပေးမှုတွေကိုပါ ရရှိပြီး အောင်မြင်နေတာ ဖြစ်ပါတယ်။ သရုပ်ဆောင်အလုပ်ကို ဝါသနာပါတဲ့ ဖြူဖြူထွေးက သူမတတ်ကျွမ်းတဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်ရင်း ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘကို လုပ်ကျွေးနေတာလည်း ဖြစ်ပါတယ်။ ဖြူဖြူထွေးက နာမည်လေးနဲ့လိုက်အောင် စိတ်သဘောထားဖြူစင်သူလေးလို့လည်း ဆိုနိုင်ပါတယ်။

လတ်တလောမှာတော့ ဖြူဖြူထွေးက ကြော်ငြာနဲ့ သီချင်းဗီဒီယိုလေးတွေ ရိုက်ကူးနေရပြီး နယ်ခရီးတွေလည်း အဆက်မပြတ် ထွက်နေရတာ တွေ့ရပါတယ်။ သူမရဲ့ဟာသ၊ အကဗီဒီယိုတွေကို နေ့တိုင်းတင်ပေးလေ့ရှိတဲ့ ဖြူဖြူထွေးက အခုလည်း ကလေးတွေနဲ့အတူ ပျော်ပျော်ပါးပါး ကပြနေတဲ့ ဗီဒီယိုလေးကို တင်ထားပါတယ်။ သင်္ကြန်သီချင်းလေးတွေဖွင့်ပြီး ဖြူဖြူထွေးတစ်ယောက် ကလေးတွေနဲ့အပြိုင် ကနေတာ တွေ့ရပါတယ်။

ချစ်စရာကောင်းသလို ရယ်လည်းရယ်နေရတဲ့ အကဗီဒီယိုလေးကိုတော့ ဖြူဖြူထွေးက "တူတူကရအောင်ဆိုတာနဲ့" ဆိုပြီး တင်ထားတာ ဖြစ်ပါတယ်။ ဖြူဖြူထွေးက သူမရဲ့ဝါသနာအတိုင်း သီချင်းတီးလုံသံကြားတာနဲ့ ဟန်မဆောင်ဘဲ ပျော်ပျော်ပါးပါး ကခုန်နေတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဖြူဖြူထွေးရဲ့ အခွီတလိုင်း အကဗီဒီယိုဖိုင်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Phyu Phyu Htwe;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။