အချေစိန်လေးလို့ နာမည်ကျော်နေတဲ့ ရွှေမှုန်ရတီတစ်ယောက် ဒီဇိုင်နာကောင်းမြတ်ရဲ့ လက်ရာလေးဖြစ်တဲ့ Spring Summer 2019 collection အသစ်ဒီဇိုင်းလေးကို ဆင်မြန်းထား တာပဲဖြစ်ပါတယ်။ ကျော့ရှင်းတဲ့ခန္ဓာကိုယ်လေးထက်မှာ အလှပဆုံးဝတ်စုံလေးက ကျော့ကျော့မော့မော့နေရာယူ ထားပုံက အသည်းတွေတဖြုတ်ဖြုတ်ကြွေချင်စရာပါပဲ။ လှရက် နိုင်လွန်းပါတယ် သဲရယ်။

ခင်ပွန်းဖြစ်သူ အဆိုတော်ရွှေထူးနဲ့ ချစ်သက်တမ်းသိပ်မကြာသေးခင်မှာပဲ နှစ်ယောက် အတူရွှေလက်တွဲခဲ့ပြီး အခုဆိုရင် မင်္ဂလာသက်တမ်းက လေးလကျော်လာပြီပဲဖြစ်ပါတယ်။ နှစ်ယောက်သား အနုပညာအလုပ်တွေကို ဆက်လက်ကြိုးစားနေဆဲဖြစ်ပြီး နှစ်ယောက် အတူသီဆိုထားတဲ့ " အမှား " ဆိုတဲ့ သီချင်းဟာလည်း ပရိသတ်တွေကြားမှာ အတော် လေးရေပန်းစားခဲ့ပါသေးတယ်။

အိမ်ထောင်ကျပြီးမှ အရင်ကထက်တောင် ပိုပိုပြီးလှလာတဲ့ သဲတစ်ယောက် ခပ်ချေချေပုံစံ လေးက ပိုပြီးတောင်ဆွဲဆောင်လို့နေပါတယ် ပရိသတ်ကြီးရေ။ အချေပုံစံလေးကြောင့် ပရိသတ်တွေရဲ့အချစ်တွေကို သိမ်းပိုက်ခဲ့တဲ့ မင်းသမီးလေး ဘယ်လိုချေချေ ချစ်စရာကောင်း တဲ့ မင်းသမီးလေး ရွှေမှုံရတီရဲ့ ရင်ခုန်တိမ်းညွှတ်ဖွယ်ရာပုံရိပ်တွေကို ပရိသတ်ကြီး အတွက် တင်ဆက်ပေးလိုက်တယ်နော်။

Photo - Designer Kaung Myat

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။