2NE1 အဖွဲ့ဟာဆိုရင် ခုချိန်ထိတိုင် ကမ္ဘာကျော်တဲ့ မိန်းကလေး K-Pop အဖွဲ့တစ်ဖွဲ့ပဲဖြစ်ပါတယ်။ အဖွဲ့ဟာဆိုရင် ၂၀၀၉ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ပရိသတ်တွေရဲ့ အခိုင်အမာ အားပေးမှုကိုရခဲ့တဲ့ အဖွဲ့တစ်ဖွဲ့ပဲဖြစ်ပါတယ်။ သူတို့ရဲ့ သီချင်းတော်တော်များများကိုလဲ ယနေ့တိုင်ထိ ပရိသတ်တွေ နားထောင်လျက်ရှိနေအုန်းမယ်လို့ မျှော်လင့်ပါတယ်။ 2NE1 ရဲ့အဖွဲ့ဝင်တွေကတော့ Bom, CL, Dara နဲ့ Minzy တို့ပဲဖြစ်ပါတယ်။

အဖွဲ့ထဲက ပရိသတ်တွေအာပေးမှုအများဆုံးခံရတဲ့ သူကတော့ Clပဲဖြစ်ပါတယ်။ CL ကိုတခြားသောအဖွဲ့ဝင်တွေထက် ပိုအားပေးတာကိုတွေ့ရှိခဲ့ရပါတယ်။ သို့သော်များလဲ 2NE1 အဖွဲ့ဟာဆိုရင် ၂၀၁၆ခုနှစ်မှာ အကြောင်းကိစ္စတစ်ခုခုကြောင်း ကွဲခဲ့ရပါတယ်။ အဖွဲ့ဟာ ပျောက်ကွယ်သွားပေမဲ့ သူတို့ရဲ့သီချင်းတွေကတော့ ယနေ့တိုင်ပရိသတ်တေနားထောင်ကြစမြဲပါ။ March 13 ရက်နေ့မှာဆိုရင် အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Park Bom ကသီချင်းထွက်ခဲ့ပါတယ်။ 

အများသိတဲ့ နာမည်ကတော့ Bom ပဲဖြစ်ကာ အဖွဲထဲမှာ ကလေးရုပ်လေးနဲ့ချစ်ဖို့ကောင်းတဲ့ သူလို့ပြောလဲ မမှားပါဘူး။ ခုထွက်ရှိလာတဲ့သီချင်းဟာဆိုရင် " Spring " လို့ခေါ်ကာ Bom နဲ့အတူ အကူဆိုပေးတဲ့သူကတော့ Sandara Park ပဲဖြစ်ပါတယ်။ သီချင်းကတော့ မိန်းကလေးတစ်ယောက် ကောင်လေးရဲ့လမ်းခွဲခြင်းကိုခံခဲ့ရတဲ့ အကြောင်းနဲ့ပတ်သတ်ပြီး ဒဏ်ရာတွေကိုဘယ်လိုကုသသွားမယ်ဆိုတဲံအကြောင်းလေးပဲဖြစ်ကာ ပရိသတ်ကြီး နလးဆင်ခံစားကြည်လိုက်ပါအုန်း...။ 

Source : Youtube 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။