Miley Cyrus ဟာဆိုရင် ကမ္ဘာကျော်အဆိုတော်တစ်ယောက်ပဲဖြစ်ကာ ခုချိန်မှာတော့ သူမဟာ အိမ်ထောင်ကျခဲ့ပြီပဲဖြစ်ပါတယ်။ သူမဟာဆိုရင်ခုချိန်မှာ အနုပညာလှုပ်ရှားမှုအနည်းငယ်ပြုလုပ်လျက်ရှိနေပါတယ်။ သူရဲ့မင်္ဂလာဆောင်ဟာဆိုရင်လဲ လူတွေမသိရှိခဲ့ကြပါဘူး......သူပုံတင်တော့မှတာ ပရိသတ်တွေနဲ့ သတင်းသမားတွေ အံသြခဲ့ရတာဖြစ်ပါတယ်။ အနုပညာရှင်တော်တော်များများလဲနော် တိုးတိုးတိတ်တိတ်ပဲ ပြုလုပ်လေ့ရှိကြတယ်။

Nick Jonas ဟာဆိုရင်လဲ ခုချိန်မှာ အောင်မြင်ကျော်ကြားတဲ့ အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ သူဟာဆိုရင်လဲ ကမ္ဘာကျော်မင်းသမီး Priyanka Chopra နဲ့ လက်ထပ်ပြီးပြီဖြစ်ကာ သူတို့ရဲ့မင်္ဂလာဆောင်ဟာဆိုရင်လဲ လူတိုင်းပါးစပ်ဖျားက ချမရနိုင်လောက်တဲ့ထိဖြစ်ခဲ့ပါတယ်။ မင်္ဂလာဆောင်ကိုလဲ တစ်ကြိမ်ထက်မက ဆောင်ခဲ့ကြပါသေးတယ်။ Nick Jonas နဲ့ Miley Cyrus တို့ဟာဆိုရင် တစ်ချိန်က ချစ်သူတွေပဲဖြစ်ကြပါတယ်။  

ခုချိန်မှတော့ သူတို့နှစ်ယောက်ဟာ သူငယ်ချင်းတွေအဖြစ်ဆက်ရှိနေသေးပါတယ်။ Miley ဟာ Instagram ပေါ်ကို သူမငယ်သေးတဲ့အရွယ်တုန်းက Jonas Brothers အင်္ကျီကိုဝတ်ဆင်ရိုက်ကူးထားတဲ့ပုံကို တင်ခဲ့ပါတယ်။ အဲ့ပုံနဲ့ပတ်သတ်ပြီးတော့ Jonas က Amazing ဆိုပြီးပြောခဲ့ကာ သူရဲ့မိန်းမဖြစ်သူ Chopra ကလဲမန့်ခဲ့ပါတယ်။ အာ့တွေနဲ့ပတ်သတ်ပြီး သူတို့နစ်ယောက်ဟာ ရည်စားဟောင်းတွေဆိုပေမဲ့လဲ ခင်မင်ရင်နှီးလျက်ရှိနေပါသေးတယ်။ 

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။