ပရိတ်သတ်တွေသိကြတဲ့ အတိုင်းပဲ အာဇာနည်တို့ မိသားစုလေးဟာဆိုရင် ပျော်ပျော်ရွှင်ရွှင်နဲ့ တည်ဆောက်ထားတဲ့ ချစ်စရာမိသားစုလေးပါနော်။အာဇာနည်နဲ့ဝမ်းမှာ အရမ်းတော်ပြီး ဉာဏ်ကောင်းတဲ့သားလေးရယ် အရမ်းချစ်စရာကောင်းတဲ့ သားလေးရယ်ကို ပိုင်ဆိုင်ထားလို့ ပရိတ်သတ်တွေ အရမ်းချစ်ပြီး အားကျရတဲ့ မိသားစုလေးပဲဖြစ်ပါတယ်။သားလေးနှစ်ယောက်နာမည်ကိုလည်း ဖစ်ဖစ်တုန်နဲ့ချစ်ချစ်တုန် ဆိုပြီး ချစ်စရာနာမည်လေးတွေလည်း ပေးထားပါသေးတယ်နော်။

ဖစ်ဖစ်တုန်နဲ့ ချစ်ချစ်တုန်လေးကိုလည်း ပရိတ်သတ်တွေက အရမ်းကို ချစ်ကြတာဖြစ်ပါတယ်။သားငယ်လေးချစ်ချစ်တုန်ကလည်း လူတကာရဲ့ လက်ထဲကမချချင်ရလောက်အောင် ချစ်မွှေးပါသူလေးပါ။ချစ်ချစ်တုန်လေးက အရွယ်လေးငယ်နေသေးပေမယ့် တီတီတာတာလေးတွေပြောပြီး ချစ်စရာကောင်းအောင်လည်း ပြုမှုတတ်နေပြီဖြစ်ပါတယ်။သားငယ်လေး ချစ်ချစ်တုန်ဆိုရင် အရမ်းကို မျက်နှာချိုပြီး ပြုံးရယ်နေတဲ့ မျက်နှာလေးကြောင့် ပရိတ်သတ်တွေကပါ အရမ်းချစ်ကြပါတယ်။ချစ်ချစ်တုန်လေးက တစ်ဖြည်းဖြည်းနဲ့ အရွယ်ရောက်လာပြီး ပိုပိုပြီးလည်း ချစ်စရာကောင်းလာပါတယ်။

ချစ်ချစ်လေးရဲ့ အမူအရာလေးတွေ အပြုံးလေးတွေကလည်း အရမ်းကိုအသည်းယားဖို့ကောင်းပါတယ်နော်။သားငယ်လေးချစ်ချစ်တုန်ကလည်း တစ်ခါချီပြီးရင် လက်ကမချချင်ရလောက်အောင် ချစ်စမွှေးပါတဲ့ကလေးလေးပါ။ချစ်ချစ်တုန်လေးက ပါးလေးဖောင်းဖောင်းနဲ့အမြဲတမ်း ပြုံးရယ်နေတတ်သူလေးမို့ မျက်နှာလေးကချိုပြီး အရမ်းကိုချစ်စရာကောင်းနေတာပါ။ချစ်ချစ်တုန်လေးက သီချင်းသံကြားရင်လည်း မြူးထူးစွာနဲ့ ကခုန်တတ်ပါသေးတယ်။အရမ်းချစ်စရာကောင်းပြီး မျက်နှာချိုတဲ့ ချစ်လေးရဲ့ ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။

Source:Phit Phit Chit Chit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။