ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့အတူ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားကြတဲ့ အနုပညာရှင်ဆယ်လီတွေထဲမှာ သုသုလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ မိတ်ကပ် ညီညီမောင်(စမ်းချောင်း) ကလည်း တစ်ဦးအပါအဝင်ပါပဲ..။

သုသုလေးကတော့ အောင်မြင်တဲ့အနုပညာရှင်တစ်ဦးဖြစ်သလို ရယ်စရာ အခွီဗီဒီယိုလေးတွေနဲ့လည်း ပရိသတ်တွေကို အမြဲရယ်မောပျော်ရွှင်စေသူလေးပဲ ဖြစ်ပါတယ်..။ 

ပရိသတ်တွေရဲ့ အချစ်တော် ညီညီမောင်ကတော့ အလှူအတန်းတွေကိုလည်း မကြာခဏပြုလုပ်လေ့ရှိသလို ခုလတ်တလောမှာလည်း ထမနဲထိုးပြီး စတုဒီသာ အလှူလေး ပြုလုပ်ပြီး ကုသိုလ်ယူခဲ့တယ်လို့ ဆိုပါတယ်နော်..။

သူမရဲ့ ကုသိုလ်အလှူလေးကိုလည်း ချစ်ပရိသတ်တွေကို သာဓုခေါ်ကုသိုလ်ယူနိုင်ဖို့အတွက် "ထမနဲ စတုဒီသာ အလှူ

မြင်သမျှကြားသမျှ သာဓုခေါ်ပါ.." ဆိုပြီးတော့လည်း ကုသိုလ်လေးတွေ ဝေမျှထားပါသေးတယ်နော်..။

မိတ်ကပ်ပညာလောကအပြင် သရုပ်ဆောင်အလုပ်တွေကို စတင်လုပ်ဆောင်နေပြီဖြစ်တဲ့ သုသုလေးကတော့ ချစ်ခင်အားပေးနေကြတဲ့ ပရိသတ်တွေအတွက်လည်း ပြည်သူ့အချစ်တော် မင်းသားချောမြင့်မြတ်နဲ့လည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးထားတာ တွေ့ရပါတယ်နော်..။

ပရိသတ်တွေရဲ့ အချစ်တော်တစ်ဦးလို့ ဆိုရလောက်အောင် လူမှုကွန်ယက်ပရိသတ်တွေကြား ရေပန်းစားလူချစ်လူခင်ပေါများတဲ့ ညီညီမောင်ကတော့ သူမအပေါ် Troll ကြတဲ့ ပရိသတ်တွေကိုလည်း စိတ်မဆိုးပဲ ရယ်ရယ်မောမောနဲ့ ပြန်လည်စနောက်တတ်သလို ဟန်ဆောင်မှုကင်းပြီး စကားပြောပွင့်လင်းဖော်ရွေတဲ့ သူမရဲ့စိတ်သဘောထားလေးတွေကလည်း ပရိသတ်တွေကို အမြဲအချစ်ပိုစေတဲ့ အဓိက အချက်ကလေးတွေပါပဲနော်..။

Photo - ညီညီမောင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။