အနုပညာလောကမှာ ပရိသတ်အချစ်တွေနဲ့ လျှောက်လှမ်းနေသူလေးကတော့ မင်းသမီးချောလေးနန်းမြတ်ဖြိုးသင်းပဲ ဖြစ်ပါတယ်။ ယခုအချိန်မှာ အနုပညာအလုပ်တွေသိပ်မလုပ်တော့ပင်မဲ့ ပရိသတ်တွေကတော့ချစ်ခင်နေကြဆဲပါ။ မကြာခင်မှာလည်း သားလေးကိုမွေးဖွားတော့မှာ ဖြစ်တဲ့အတွက် စိတ်လှုပ်ရှားနေတာလည်း ဖြစ်ပါတယ်။

ခင်ပွန်းဖြစ်သူနဲ့ဖခင်ဖြစ်သူကလည်း သားယောကျာ်းလေးလိုချင်တဲ့ဆန္ဒရှိသလို သူမကလည်း ဒီဆန္ဒလေးကိုဖြည့်ဆည်းပေးချင်ခဲ့တာဖြစ်ပြီး တကယ်တမ်း သားလေးကိုကိုယ်ဝန်လွယ်ထားရတော့လည်း သူမကအပျော်ကြီးပျော်နေခဲ့ပါတယ်။ ခင်ပွန်းရဲ့အလိုလိုက်ဂရုစိုက်မှုတွေကြားမှာ နန်းမြတ်တစ်ယောက် အတော်လေးကိုပျော်ပျော်ရွှင်ရွှင်ဖြစ်နေပုံလေးဟာလည်း ကြည်နူးစရာပါပဲ။

နန်းမြတ်တစ်ယောက်ကတော့ သူမရဲ့သူငယ်ချင်းတွေဖြစ်တဲ့ ထက်ထက်နဲ့နန်းသူဇာတို့နဲ့ပျော်ပျော်ရွှင်ရွှင်လည်ပတ်နေတဲ့ ပုံရိပ်လေးတွေကို လူမှုကွတန်ယက်မှာ ဝေမျှလိုက်တာပဲ ဖြစ်ပါတယ်။ သူတို့ သူငယ်ချင်းသုံးယောက်ဟာ အရမ်းကိုချစ်ဖို့ကောင်းပြီး တစ်ယောက်နဲ့တစ်ယောက်အမြဲစည်းစည်းလုံးလုံးရှိနေတာလည်း ပျော်စရာပါ။ ထက်ထက်ရဲ့လူမှုကွန်ယက်မှာလည်း သူတို့သုံးယောက်ရဲ့ပျော်ရွှင်ဖွယ် ဗီဒီယိုလေးကိုလည်း တင်ထားပါသေးတယ်။ ပရိသတ်ကြီးအတွက် ပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source - Htet Htet Aung and Nann Myat Phyo Thinn

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။