ယခုနောက်ပိုင်းမှာ အနုပညာလောကမှာ တစ်စတစ်စ အောင်မြင်မှုတွေကို သိမ်းပိုက်လာနိုင်ပြီဖြစ်တဲ့ မင်းသမီးချောလေး ဘေဘီမောင်က ပရိသတ်တွေကြားမှာ ရေပန်းစားတဲ့ မမတစ်ဦးဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ မနဲ့ မောင် စုံတွဲလေးအဖြစ် ပရိသတ်တွေကြားမှာ ပိုပြီး နာမည်ကြီးလာခဲ့တာဖြစ်ပါတယ်။ သူများတွေနဲ့ မတူအောင် တစ်ယောက်ကိုယ်တစ်ယောက်အရမ်းချစ်ကြပြီး အမျှော်အမြင်ရှိတဲ့ သူတွေအဖြစ် ပျော်ရွှင်စရာကောင်းတဲ့ ဘဝတွေကို တည်ဆောက်နိုင်အောင် ကြိုးစားနေတဲ့ သူတွေဖြစ်ပါတယ်။

ရုပ်ရှင်လောကမှာ အောင်မြင်တဲ့ မင်းသမီးကောင်းတစ်လက်ဖြစ်အောင်ကြိုးစားနေတဲ့ ဘေဘီမောင်က မြန်မာ မှူကို မြတ်နိုးတန်ဖိုးထားတဲ့ မြန်မာ မိန်းကလေးတစ်ယောက်ဖြစ်တာကြောင့် ချစ်စရာကောင်းတဲ့ မြန်မာ ဝတ်စုံလေးတွေနဲ့ တင့်တယ် လှပနေတာကို မြင်တွေ့ရမှာပါ။ မိဘအပေါ်သိတတ်ပြီး ဘာသာတရားကိုင်းရှိုင်းတဲ့ သူမက အေးချမ်းပျော်ရွှင်စရာကောင်းတဲ့ ဘဝလေးကို ပိုင်ဆိုင်ထားပြီး ဘုရားပေးတဲ့ ကျက်သရေရှိတဲ့ အလှတွေကို ပိုင်ဆိုင်ထားသူလေးပါ။

တစ်နေ့တစ်ခြား ချစ်သူ သားဂန်း စိတ်မချရလောက်အောင် လှလာတဲ့ ဘေဘီမောင်က သူမရဲ့ ပြစ်မျိုးမထင် လှနေတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ရက် စာမျက်နှာထက်မှာအမြဲတင်ပေးနေကြဖြစ်ပါတယ်။ ယခုလည်း ဝါဝါထိန်နေတဲ့ အဝါရောင်ပန်းခင်းကြီးအလယ်မှာ ချစ်စရာကောင်းတဲ့ မြန်မာမိန်းမပျိုလေးတစ်ယောက်ရဲ့ အလှတွေကို ဖော်ထုတ်ပြလိုက်တဲ့ ဘေဘီမောင်ရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ပြန်လည်ဝေမျှလိုက်ပါတယ်။

Source:Baby Maung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။