ပရိတ်သတ်ကြီးရေ အဆိုတော် အားတီကတော့ တေးသီချင်းကောင်းလေးတွေကို သီဆိုရင်း ပရိတ်သတ်ရဲ့ရင်ထဲကို နေရာယူလာတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။အားတီရဲ့ သီချင်းလေးတွေဟာဆိုရင်လည်း လူငယ်ပရိတ်သတ်တွေကြား အရမ်းကို ရေပန်းစားပါတယ်နော်။အားတီက အခုနောက်ပိုင်းမှာ အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်နဲ့ အကောင်းဆုံးတွေကို ဖန်တီးနေပါတယ်။

အားတီက လူငယ်တစ်ယောက်ဖြစ်လို့ လူငယ်ပီပီ သူငယ်ချင်းတွေနဲ့အတူ စနောက်ပျော်ရွှင်တတ်ပြီး စိတ်သဘောထားရိုးရှင်းသူဖြစ်လို့ အပေါင်းအသင်းမိတ်ဆွေသူငယ်ချင်းတွေ ပေါများပါတယ်နော်။အားလပ်ရက်တွေမှာဆိုရင်တော့ ခရီးတွေထွက်ပြီး စိတ်ကိုအပန်းဖြေတဲ့ အနေနဲ့ အေးချမ်းစွာနေတတ်ပါတယ်။အားတီက ခန္ဓာကိုယ်တောင့်တောင့်ထည်ထည်ကို ပိုင်ဆိုင်ထားတဲ့အတွက် ကျန်းမာရေးလိုက်စားပြီး Gym ကိုလည်း အချိန်မှန်ဆော့တဲ့ အနုပညာရှင်တစ်ယောက်ပါ။

အခုဆိုရင်တော့ အားတီရဲ့ သီချင်းအသစ်တစ်ပုဒ်အတွက် အောန်ဆိုင်းနဲ့အတူတူ MTV တစ်ပုဒ်ရိုက်ကူးနေပြီး ပရိတ်သတ်တွေရဲ့ ကြားမှာ ရေပန်းစားလာဦးမယ့် သီချင်းလေးပါနော်။အမြဲတမ်း ပျော်ပျော်ရွှင်ရွှင်နေတတ်သူဖြစ်လို့ ပရိတ်သတ်ကြီးကို ဟာသလေးတွေလုပ်ပြနေတတ်ပါတယ်။အခုဆိုရင်လည်း အားတီရဲ့ ပထမဆုံးနဲ့နောက်ဆုံး ဆော့ခဲ့ဖူးတဲ့ Tiktok လေးကို ပရိတ်သတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။

Source:Thi Ha Tun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။