အကယ်ဒမီဆုပူပူနွေးနွေး ပိုင်ဆိုင်ထားတဲ့ KKTTခေါ် ထွန်းထွန်းကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက မိသားစုနဲ့တောင်ကြီးအင်းလေးခရီးကနေ ပြန်ရောက်နေတဲ့ပုံပါပဲ။

Example အဖွဲ့ဝင်ဟောင်း ရက်ပါအဆိုတော် ထွန်းထွန်းက ခေတ်သစ်ပျိုမေအစီစဉ်မှာ ပရိသတ်တွေနဲ့ တွေ့ဆုံဖို့ ဖိတ်ကြားခံရတယ်လို့ သိရပါတယ်။

MRTV4 ရဲ့ လူကြိုက်အများဆုံးအစီစဉ်တစ်ခုဖြစ်တဲ့ ခေတ်သစ်ပျိုမေမှာ ဖိတ်ကြားခြင်းခံရတဲ့ လူပျိုကြီးထွန်းထွန်းက မတ်လ(၃၁)ရက် မနက် (၁၀)နာရီ(၁၅)မိနစ်ကစပြီး သူနဲ့ပတ်သက်ပြီး မေးမြန်းသမျှကို တီဗွီဖန်သားပြင်ကတစ်ဆင့် ပြန်လည်ဖြေကြားသွားမှာဖြစ်ပါတယ်။

ကိုကိုထွန်းထွန်း ကို ပရိသတ်တွေ ဘာတွေ ဘယ်လို မေးကြမလဲဆိုတာ သိချင်ရင်တော့ ခေတ်သစ်ပျိုမေမှာ စောင့်ကြည့်လိုက်ပေါ့ပရိသတ်ကြီးရေ။ 

သတင်းအရင်းမြစ် Htin Aung Htun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။