ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေ အခိုင်အမာရရှိထားတဲ့ အပြင် ပရဟိတလုပ်ငန်းတွေမှာလည်း အားတတ်တရောကူညီဆောင်ရွက်နေတဲ့ အမျိုးသမီးအနုပညာရှင်တစ်ဦးကတော့ သရုပ်ဆောင်မင်းသမီးချော ခိုင်နှင်းဝေပဲဖြစ်ပါတယ်နော်..။

ပီပြင်တဲ့သရုပ်ဆောင်ပိုင်နိုင်မှုတွေအပြင် ပရဟိတလုပ်ငန်းတွေကို ဆက်တိုက်ကြိုးစားလုပ်ဆောင်နေသူမို့လည်း ပရိသတ်တွေက အမြဲအားပေးချစ်ခင်နေကြသူဆိုလည်း မမှားပါဘူးနော်..။

ပရိသတ်ကြီးရေ.. ယနေ့ မတ်လ(၁၄)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင်မင်းသမီးချော ခိုင်နှင်းဝေရဲ့ မွေးနေ့ရက်လေးပဲ ဖြစ်ပါတယ်နော်..။

ခိုင်နှင်းဝေကတော့ ယနေ့မှာ ကျရောက်လာတဲ့ သူမရဲ့မွေးနေ့ရက်လေးမှာ ရွှေတိဂုံဘုရားမှာ ဘုရားဖူးကုသိုလ်ယူရင်း လှူဒါန်းမှုလေးတွေ ပြုလုပ်ခဲ့ပြီး ပန်းစေတီနဲ့ သစ်သီးများ ကပ်လှူခဲ့တဲ့အပြင် သံဃာတော်တွေနဲ့ သီလရှင်တွေအတွက်လည်း လှူဒါန်းမှုများပြုလုပ်ကာ မွေးနေ့အလှူလေး ပြုလုပ်ခဲ့တာပါ..။

“ယနေ့မှာကျရောက်တဲ့ ကျွန်မရဲ့ မွေးနေ့အခါသမယမှာ

ဘုန်းဘုန်းများနှင့် သီလရှင် များအား ဖိနပ် သဘက် နှင့်

ဆပ်ပြာတုန်းများ ကပ်လှူပူဇော် ရင်း

ရန်ကုန် မန္တလေး ဘားအံ မြို့တွေမှာ ရှိကြတဲ့

Our Princess KHW Group မှ အဖွဲ့သား တွေစုပေါင်းပြီး ရွှေတိဂုံဘုရား

စနေထောင့်မှာ ပန်းစေတီ နှင့် သစ်သီး ၂၀၅ လုံးများ ကပ်လှူပူဇော်ပြီး စိပ်ပုတီး နေ့နံအလိုက် အမွှေးတိုင် ဖယောင်းတိုင် တို့ကို မည်သူမဆို ယူဆောင် ပူဇော် နိုင်ရန်အတွက် နှင့် ဆရာတော်ဘုရားများအတွက် ယပ်တောင် အနေကထိုင် တို့ကို လှူဒါန်းနိုင်ရန်

ပြင်ဆင်ပေးထားကြလို့ အတိုင်းမသိ ဝမ်းသာပီတိ

ဖြစ်မိပါတယ်ရှင်

ဒီအလှူလေးဖြစ်မြောက်အောင် လူကိုယ်တိုင်လာရောက်လှူဒါန်းပေးသည့် Fanများနှင့် အဝေးက အလှူငွေကျပ်များ ပူးပေါင်းပါဝင်လှူဒါန်းပေးကြသည့် Fanများအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ရှင်..” ဆိုပြီး မွေးနေ့အလှူလေးကို ပြန်လည်မျှဝေထားပြီး ကျေးဇူးတင်စကားလေးတွေလည်း ပြောထားတာ တွေ့ရပါတယ်နော်..။

Photo - ခိုင်နှင်းဝေ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။