ခန္ဓာကိုယ်အချိုးအစားပြေပြစ်လှပပြီး ပုရိသတွေရဲ့ အသည်းစွဲမော်ဒယ်လ်တစ်ဦးဖြစ်တဲ့ နွယ်နွယ်ထွန်းကိုသိကြမယ်ထင်ပါတယ်နော်....။ ပုရိသအပေါင်းက အမြတ်တနိုးနဲ့ ရစ်ရစ်လို့ခေါ်ကြတာဖြစ်ပြီး ယောက်ျားလေးပရိသတ်တွေရဲ့အားပေးမှုအများဆုံးပိုင်ဆိုင်ရရှိထားတာဖြစ်ပါတယ်....။ အမဖြစ်သူမိုးမြင့်သဇင်နဲ့အတူ အနုပညာအလုပ်တွေကို အတူလက်တွဲလုပ်ကိုင်နေတာကိုတွေ့ရမှာပါ....။ သဘောကောင်းသူတစ်ယောက်ဖြစ်ပြီး ချစ်ဖို့ကောင်းတဲ့ မျက်နှာထားလေးကြောင့် ယောက်ျားလေးပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေကပါ ချစ်ခင်အားပေးလျက်ရှိတာဖြစ်ပါတယ်....။

ရစ်ရစ်ကတော့ ခရီးသွားဝါသနာပါသူဖြစ်ပြီး ခရီးသွားမှတ်တမ်းပုံရိပ်လေးတွေကိုလည်း အမြဲလိုလိုတင်ဆက်ပေးလေ့ရှိတာဖြစ်ပါတယ်...။ စာဖတ်ဝါသနာပါသူဖြစ်ပြီး တိုင်းရင်းသူ၊ တိုင်းရင်းသားတွေအပေါ်မှာလည်း မခွဲခြားမဆက်ဆံဘဲ ရင်းရင်းနှီးနှီးပေါင်းသင်းဆက်ဆံတက်တဲ့အတွက်ကြောင့် ချစ်ခင်အားပေးမှုတွေက တစ်ဆပြီးတစ်ဆ တိုးပွားလာတာဖြစ်ပါတယ်...။ ရေကူးကန်ထက်က အမိုက်စားဆွဲဆောင်မှုရှိလွန်းသော အလှပုံရိပ်လေးတွေကိုလည်း မကြာခဏဆိုသလိုမြင်တွေ့ရမှာပါ...။

နွယ်နွယ်ထွန်းကတော့ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှုအမျိုးမျိုးကိုအစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်...။ အခုတစ်ခါမှာဆိုရင်လည်း အမဖြစ်သူ မိုးမြင့်သဇင်နဲ့အတူ ကမ်းခြေကိုရောက်ရှိနေတာပဲဖြစ်ပါတယ်...။ နွယ်နွယ်ထွန်းရဲ့ official facebook acc တွင် "ဝေးနေသော်လည်း မခွဲအတူ...တခါတခါ အိမ်မက်ထဲမှာ ဆုံကြမယ်" ဆိုတဲ့ status လေးနဲ့တကွ ထုတ်ဖော်တင်ဆက်ထားတာဖြစ်ပြီး Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်...။

Source Nwe Nwe Tun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။