နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကျော်တစ်ဦးဖြစ်တဲ့ မော်ဒယ်သရုပ်ဆောင် ဒေါင်းကတော့ ပရိသတ်တွေရဲ့ အချစ်ကို အခိုင်မာရရှိထားတာဖြစ်ပါတယ်။ မော်ဒယ်လောကမှာလည်း နာမည်ရရှိနေပြီဖြစ်ပြီး အခုဆိုရင်သရုပ်ဆောင်လုပ်ငန်းကိုလည်းလုပ်ကိုင်နေတာကို တွေ့ရပါတယ်။ ပုံလေးတွေတင်တိုင်း ကဗျာ လေးတွေ စာလေးတွေကို ဖွဲ့နွဲ့ပြီးရေးတတ်တာမို့ နှုတ်ခမ်းနီမ လေးတွေကတော့ ကြွေပြီးရင် ကြွေဖြစ်နေရတာလည်းဖြစ်ပါတယ်။

အမိုက်စားပုံလေးတွေကို သူရဲ့ အကောင့်မှာဖော်ပြလေ့ရှိပြီး ဆွဲဆောင်မှုရှိတဲ့အပြုံးကို ပိုင်ဆိုင် ထားသူလည်းဖြစ်ပါတယ်။ သူပါဝင်သရုပ်ဆောင်ထားတဲ့ လိပ်ပြာစံအိမ် ရုပ်ရှင်ဇာတ်ကားကြီးဟာဆိုရင်လည်း ပရိသတ်တွေ တစ်ခဲနက်အားပေးမှုကိုရရှိသည်ထိအောင်မြင်နေတာလည်းဖြစ်ပါတယ်။လတ်တလောမှာလည်း သူငယ်ချင်းတွေနဲ့ပေါင်းကာ အမိုက်စားကကွက်တွေနဲ့ဒွန့်ပြထားတဲ့ ဗီဒီယိုလေးကိုဖော်ပြထားတာတွေ့ရပါတယ်။ဗီဒီယိုလေးကြည့်ပြီးအရမ်းသဘောကျစရာကောင်းသလို ချစ်ဖို့ကောင်းနေတာလည်းဖြစ်ပါတယ်။

အမြဲလိုလို အပြုံးလေးတွေနဲ့ ဖမ်းစားနိုင်ခဲ့ပြီး လက်ရှိအချိန်ထိလည်း အနုပညာလောက်မှာ ရပ်တည်နေနိုင်တာပဲဖြစ်ပါတယ်။ ယောကျာ်းပီသတဲ့ အမိုက်စားဒီဇိုင်းတွေနဲ့ ကြွေချင်လောက် အောင်ကို လန်းလွန်းနေတာကြောင့်ဆယ်ကျော်သက်ကောင်မလေးတွေ အသည်းစွဲဖြစ်နေရတာလည်းဖြစ်ပါတယ်။ကဲ...ချစ်ပရိသတ်ကြီးတွက် ဒေါင်းရဲ့ အမိုက်စားဒွန့်ထားတဲ့ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်။

Source:Leo Naing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။