James Bond ဆိုတဲ့ကမ္ဘာကျော် စပိုင်အက်ရှင်ရုပ်ရှင်ကားဟာဆိုရင် ထွက်ရှိလာလိုက်တာ ခုဆို ၂၅ကားတောင်မြောက်လာပြီပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလဲ 007 ခေါ် James Bond ကိုကြိုက်ကြမယ်လို့ထင်ပါတယ်။ ထွက်လာသမျှကားတွေဟာလဲ အကုန်းလုံး အောင်မြင်တဲ့ကားတွေဖြစ်ပါတယ်။ ခုထွက်ရှိလာမဲ့ Bond 25 ဟာဆိုရင် Daniel Craig ရဲ့နောက်ဆုံးရိုက်ကူးမဲ့ James Bond ကားပဲဖြစ်ပါတယ်။ 

သူပြီးရင်တော့ နောက်ထပ် James Bond အတွက် မင်းသားကိုလဲ ရှာနေကြပြီဖြစ်ပါတယ်။ James Bond ဟာဆိုရင်လဲ ၁၉၅၃ခုနှစ်က စာရေးဆရာ Ian Fleming စိတ်ကူးပုံဖော်ဖန်တီးထားတဲ့ ဇာတ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ James Bond ဟာ ရုပ်ရှင်ကားအပြင် စီရီးတွေ၊ ဝတ္ထုတွေနဲ့ ကွန်းမစ်စာအုပ်တွေပါထွက်ရှိထားပါတယ်။ လူတွေတော်တော်များများဟာ ခေတ်မှီတဲ့ နည်းပညာတွေကို စိတ်ဝင်းစားလျက်ရှိသလို James Bond ရဲ့ကားတွေကိုစိတ်ဝင်စားကြပါတယ်။  

ခုလာမဲ့ Bond 25 မှာဆိုရင် Bond စီးမဲ့ကားကတော့ ပေါင်၂၅၀၀၀၀ တန်ဖိုးရှိတဲ့ လျှပ်စစ်ကားပဲဖြစ်ပါတယ်။ အဲ့ကားကို ဒါရိုက်တာရွေးရခြင်းအကြောင်းကတော့ သူကိုယ်တိုင် Bond ကို အကန့်အသန့်ရှိတဲ့ ကားကိုမောင်းစေချင်လို့ဖြစ်ပါတယ်။ ကားနာမည်ကတော့ The Rapide E ပဲဖြစ်ကာ ဗြိတိန်ကုမ္ပဏီရဲ့ ပထမဆုံးလျှပ်စစ်ကားပဲဖြစ်ကာ ကမ္ဘာပေါ်မှာ ၁၅၅ကားသာရှိပါတယ်။ အဲ့ကားကို ရွေးရတဲ့ နောက်ထပ်အကြောင်းအရင်းကတော့ ရှေ့ကကားတွေမှာပါတဲ့ Aston Martin ဆိုတဲ့ကားနဲ့ခပ်ဆင်ဆင်မို့ပဲဖြစ်ပါတယ်။ Bond 25 ဟာဆိုရင် ၂၀၂၀ခုနှစ်မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။ 

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။