ခန္ဓာကိုယ် အမိုက်စားနဲ့ အဆိုတော်၊ မော်ဒယ်လ် ဟိန်းမင်းသူကို ပရိသတ်ကြီးအနေနဲ့သိကြမယ်ထင်ပါတယ်နော်။ အနုပညာဘက်စုံထူးချွန်တဲ့ ဟိန်းမင်းသူဟာဆိုရင် Mrtv-4 ရုပ်သံဇာတ်လမ်းတွဲ "ပျားရည်အိုင်" ရုပ်ရှင်ဇာတ်ကားမှာဆိုရင်လည်း သဘာဝကျကျသရုပ်ဆောင်ပီပြင်စွာပါဝင်ရိုက်ကူးခဲ့တာဖြစ်ပြီး ပရိသတ်အများအပြားရဲ့အားပေးမှုကို လက်ခံရရှိထားတာလည်းဖြစ်ပါတယ်။ နှုတ်ခမ်းနီမလေးတွေရဲ့ "မြန်မာဂျက်စတင်ဘီဘာ" လို့တင်စားခေါ်ဝေါ်ခြင်းခံရတဲ့ အနုပညာသည် တစ်ဦးဖြစ်ပါတယ်။

ဟိန်းမင်းသူကိုယ်တိုင်ပါဝင်သီဆို သရုပ်ဆောင်ထားတဲ့ "Burn My Heart" mtv နှင့် "ချစ်လို့မဝသေးလို့" mtv ဟာဆိုရင်လည်း ကြည့်ရှုသူ အများအပြားရရှိခဲ့ပြီး လူငယ်ပရိသတ်တွေကြား အလွန်ပင်ရေပန်းစားခဲ့တာဖြစ်ပါတယ်။ စမ်းသစ်တီထွင်မှုတွေအမြဲပြုလုပ်နေပြီး နိုင်ငံခြားသားအဆိုတော်နှစ်ယောက်နှင့် သီချင်းအလန်းစားလေးတစ်ပုဒ်ကို ဖန်တီးပြုလုပ်ထားပါသေးတယ်နော်။ six pack ခန္ဓာကိုယ်ကို အထင်သားပေါ်လွင်စေတဲ့ ပုံရိပ်လေးတွေ တင်လေ့ရှိတာဖြစ်ပြီး နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲ tik tok ဗီဒီယိုဖိုင်လေးတွေကိုလည်း မကြာခဏဆိုသလို ပြုလုပ်ဖန်တီးပြီး ထုတ်ဖော်ပြသပေးလေ့ရှိတာဖြစ်ပါတယ်။

ဟိန်းမင်းသူဟာဆိုရင် ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူရဲ့နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှုအမျိုးမျိုးကိုအစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်....။ အခုတစ်ခါမှာဆိုရင်လည်း ကျောင်းစိမ်းအင်္ကျီလေးနဲ့ အလွန်ကိုသန့်ပြန့်နေပြီး "ကျောင်းမှန်မှန်တက် စာမကျက် All D အားလုံးထွက်" ဆိုတဲ့ status လေးနဲ့တကွသူရဲ့ official facebook acc တွင်ထုတ်ဖော်တင်ဆက်ပြသထားတာကို Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်...။

Source Hein Min Thu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။