အချစ်သီချင်းအေးအေးလေးတွေကြောင့်လူငယ်ပရိသတ်တွေရဲ့အားပေးမှုကိုတစ်ခဲနက်ရထား

တာကတော့အဆိုတော်ရွှေထူးပဲဖြစ်ပါတယ်။သူ့ရဲ့သီချင်းတိုင်းဟာပရိသတ်တွေကြားမှာ

အမြဲလိုလိုရေပန်းစားလူကြိုက်များတာဖြစ်ပါတယ်။သူကတော့showတွေကိုလည်းဆက်တိုက်ဆိုရပြီး

ပရိသတ်တွေကိုဖျော်ဖြေနေတာဖြစ်ပါတယ်။

သူကတော့အနုပညာအလုပ်တွေမှာပရိသတ်တွေရဲ့အချစ်အပြည့်ရထားတဲ့နိုင်ငံကျော်

တစ်ယောက်ပဲဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့ချစ်ဇနီးလေးနဲ့တူတူပျော်ရွှင်စရာအိမ်ထောင်ရေးကိုလည်း

ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။သူ့ဇနီးလေးနဲ့တူတူဆိုထားတဲ့"အမှား"သီချင်းကလည်းပရိသတ်တွေ

ကြားမှာရေပန်းစားလူကြိုက်များနေတာဖြစ်ပါတယ်။

ပရိသတ်တွေအတွက်ဖျော်ဖြေမှုတွေလုပ်နေရင်းသီချင်းအသစ်တွေအတွက်ကြိုးစားနေတဲ့

ရွှေထူးကတော့ခုမှာလည်းအမိုက်စားသီချင်းmtvလေးနဲ့ပရိသတ်တွေကိုဖျော်ဖြေလိုက်တာပါ။

WithoutYouဆိုတဲ့ခေါင်းစဉ်လေးနဲ့သီချင်းသစ်လေးကတော့ခဏလေးအတွင်းမှာတင်ကြည့်ရှူသူ

အမြောက်အများရှိခဲ့တာပါ။ရွှေထူးသီချင်းတွေကိုအမြဲစောင့်မျှော်အားပေးနေကြတဲ့

ပရိသတ်ကြီးအတွက်လည်းသီချင်းသစ်လေးကိုတင်ဆက်ပေးလိုက်ကပြီးအားပေးကြပါဦးနော်။

SOURCE:Htoo Khant

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။