ပရိသတ်တွေရဲ့ အချစ်တော်လေးပိုပိုကတော့ ယခုမှာ ပရိသတ်တွေတခဲနက်အားပေးမှုကို ရရှိနေတဲ့အောင်မြင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီး ဆယ်ကျော်သက်တွေအသည်းစွဲအားပေးချစ်ခင်ရတဲ့ ပရိသတ်အချစ်တော်အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ ပိုပိုကတော့ ပရိသတ်တွေနှလုံးသားထဲကို အဆွေးသီချင်းလေးတွေနဲ့ ရောက်ရှိလာတဲ့ အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။   

ပရိသတ်တွေရဲ့ အသည်းကျော်လေး ဖြစ်တဲ့ အဆိုတော်မလေး ပိုပိုကတော့ အမျိုးသားပရိသတ်တွေရဲ့ နှလုံးသားကို သူမရဲ့တေးသီချင်းလေးတွေနဲ့ ရစ်ပတ်ဖမ်းစားထားသူ ဖြစ်ပါတယ်။ သီချင်းဆိုကောင်းပြီး အခွေတိုင်းပေါက်ကာ အောင်မြင်နေတဲ့ ပိုပိုကတော့ လတ်တလော လူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ အမျိုးသမီးအဆိုတော်တစ်ဦး ဖြစ်ပါတယ်။ 

ယနေ့မှာတော့ ပိုပိုတစ်ယောက် စာမေးပွဲအောင်လို့ ကိုယ့်ကိုယ် ကိုယ်ဂုဏ်ပြုတဲ့အနေနဲ့ ဘန်ကောက်ကို we love fansတွေနဲ့အတူ ဈေးဝယ်ထွက်ခဲ့ကြပါတယ်။ ပိုပိုကတော့ " စာမေးပွဲ အောင်လို့ကိုယ့်ဘာသာ ကိုယ်ဂုဏ်ပြုရင်းချောလာလို့ ဂုဏ်ပြုရင်း သြင်္ကန် ရောက်ခါနီးမို့ လိုအပ်တာများဝယ်ပြီးသကာလ I can't go anywhere စကားမစပ် We love popo fans ထဲက နေရာတိုင်း လိုက်လိုက်အားပေးတဲ့ ကူညီပေးကြတဲ့ fan တချိူ့အတွက် လက်ဆောင်တွေ ပါပါတယ် မဲဖောက်ယူကြပါ ပိုလဲ တတ်နိုင်သလောက်ဝယ်လာတယ် ကိုယ်ချစ်ရတဲ့သူတွေအတွက် ဝယ်လာတာ ပိုများတယ် မပါလာရင်လဲ စိတ်မကောက်ကြပါနဲ့နော် " ဆိုပြီး ရေးသားထားပါတယ်။ 

source: ပိုပို

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။