အိန္ဒြာကျော်ဇင်ရဲ့ ကိုယ်ပွားလေးလို့ လူသိများတဲ့ အိန္ဒြာကျော်ဇင်ရဲ့ တူမဖြစ်သူ မော်လ်ဒယ်မင်းသမီးချောလေး မေတိုးခိုင်ကတော့ အနုပညာလောကမှာ ပရိသတ်တွေအခိုင်အမာနဲ့ အောင်မြင်တဲ့ အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်နေသူလေးပဲ ဖြစ်ပါတယ်..။

ချစ်စရာကောင်းတဲ့ မျက်နှာလေးအပြင် ကလေးတစ်ယောက်လို ဖြူစင်ပြီး ပွင့်လင်းတဲ့ အသည်းယားစရာ အမူအရာဟန်ပန်လေးတွေကြောင့်လည်း ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားတဲ့အပြင် ယောင်္ကျားလေးပရိသတ်တွေအများဆုံးရရှိထားသူလေးဆိုလည်း မမှားပါဘူးနော်..။

ချစ်စရာဟန်ပန်လေးတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ အသည်းကျော်လေး မေတိုးခိုင်ကတော့ အခုတစ်ခါမှာလည်း ချစ်စရာဗီဒီယိုဖိုင်လေးတင်ပြီး ပရိသတ်တွေကို အချစ်ပိုစေပြန်ပါပြီနော်..။

လီဆူးရိုးရာဝတ်စုံလေးဝတ်ပြီး ပျော်ရွှင်စွာ ကခုန်နေတဲ့ အသည်းယားဗီဒီယိုဖိုင်လေးကိုတော့ ချစ်ပရိသတ်တွေလည်း သဘောကျနေကြမှာ အသေအချာပါပဲနော်..။

ချစ်စရာကောင်းတဲ့ ပရိသတ်တွေရဲ့ အသည်းကျော်လေး မေတိုးခိုင်ဟာ ကပိုကရို စတိုင်လ်မျိုးကို ကြိုက်နှစ်သက်သလို ဒီဇိုင်နာအလုပ်နဲ့ သရုပ်ဆောင် နှစ်ခုလုံးကို ဝါသနာပါပြီး လောလောဆယ်မှာတော့ သရုပ်ဆောင်ပိုင်းကိုပိုပြီး လုပ်ဖြစ်နေပြီး လတ်တလောမှာတော့ ကြော်ငြာများရိုက်ကူးနေကာ ဓာတ်ပုံကြေညာများ ရိုက်ကူးနေသလို Music Video တွေမှာလည်း ပါဝင်သရုပ်ဆောင်နေသူလေးလည်း ဖြစ်ပါတယ်နော်..။

ချစ်ပရိသတ်တွေအတွက် ဒီကနေ့လေးမှာတော့ မော်လ်ဒယ်မင်းသမီးချောလေး မေတိုးခိုင်ရဲ့ချစ်စရာ ဗီဒီယိုဖိုင်လေးကိုလည်း ပြန်လည်မျှဝေပေးလိုက်တာမို့ အသည်းလေးတွေ ပေးသွားပါဦးနော်..။

Photo - မေတိုးခိုင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။