Priyanka Chopra နဲ့ Nick Jonas တို့ရဲအချစ်ဟာဆိုရင် မနဲ့မောင် ချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ အသက်ဟာ ၁၀နှစ်စီကွာကြပါတယ်။ သူတို့နှစ်ယောက်ရဲ့ မင်္ဂလာဆောင်ဟာဆိုရင်လဲ လူတွေကြားမှာ ပါးစပ်မကျခဲ့ပါဘူး။ Nick Jonas ဟာဆိုရင်လဲ မကြာသေးခင်ကမှ သူတို့ညီအစ်ကို၃ယောက်အဖွဲ့ဖြစ်တဲ့ Jonas Brothers အဖွဲ့ကို ပြန်လည်ဖွဲ့စည်းထားတာဖြစ်ပါတယ်။  

မကြာသေးခင်ကမှ Nick ဟာ အခမ်းအနားတစ်ခုက Bill ကိုကြည့်ပြီးနောက်မှာ သူတို့ရဲ့ တစ်ခါမကဆောင်တဲ့ မင်္ဂလာဆောင်တွေ ပြီးပြီဆိုပြီး နောက်ခဲ့ပါသေးတယ်။ အဲ့လိုတွေပြောပြီးနောက်မှာ Nick ဟာသူတို့အဖွဲ့ထွက်ရှိထားတဲ့သီချင်းနဲ့ပတ်သတ်ပြီး လောင်းခဲ့ပါသေးတယ်။ တကယ်လို့သူဖြစ်ချင်တိုင်းအတိုင်းတာဖြစ်ခဲ့ရင် အရမ်းဈေးကြီးတဲ့ ဇါမ်ခံကားကိုဝယ်မယ်ဆိုပြီတော့ပေါ့။ 

ဖြစ်ချင်းတော့လဲ သူတို့ထွက်ရှိထားတဲ့ သီချင်းဖြစ်တဲ့ " Sucker " ဟာ Billboard မှာနံပါတ်တစ်ချိတ်ခဲ့ပါတယ်။ အဲ့အတွက် သူပိုက်ဆံထပ်ကုန်ခဲ့ကာ...သူမိန်းမအတွက် လောင်းကြေးအတိုင်း ဇိမ်းခံကားကိုဝယ်ပေးခဲ့ပါတယ်။ သူဝယ်ပေးတဲ့ကားကတော့ Mercedes Benz ပဲဖြစ်ကာ အဲ့ကားဟာဆိုရင် ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံးကားတွေထဲက ကားတစ်ကားဖြစ်ပါတယ်။ Jonas Brothers အဖွဲ့အနေနဲပလဲ ဒါကြီးမားတဲ့ အောင်မြင်မှုတစ်ခုဖြစ်ပါတယ်။

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။