ပရိတ်သတ်ကြီးရေ လူငယ်စုံတွဲတွေကြားမှာ ရေပန်းစားနေတဲ့ ကောင်းပြည့်နဲ့သန္တာဗိုလ်တို့ စုံတွဲလေးကတော့ ချစ်သူအဖြစ် လက်တွဲခဲ့ကြတာလည်း နှစ်တွေအများကြီးကြာမြင့်နေပြီဖြစ်လို့ အရမ်းကိုအားကျစရာကောင်းတဲ့စုံတွဲလေးပါနော်။နှစ်ယောက်လုံးက အနုပညာလောကမှာ လျှောက်လှမ်းနေတဲ့ အနုပညာရှင်တွေပဲဖြစ်လို့ တစ်ယောက်ကိုတစ်ယောက်နားလည်ပေးမှုတွေကတော့ ပြောစရာမလိုအောင်ရှိကြပါတယ်။

နှစ်ယောက်လုံးက ချောကြလှကြပြီး အရပ်တွေကလည်း ရှည်ကြလို့ အရမ်းကိုလိုက်ဖက်ညီပြီး စမတ်ကျတဲ့စုံတွဲလေးပါ။နှစ်ယောက်လုံးရဲ့ အနုပညာလှုပ်ရှားမှုကလည်း ယခုချိန်ထိ တစ်စိုက်မက်မက်လုပ်ဆောင်နေပြီး ကောင်းပြည့်ရဲ့ဇာတ်ကားတွေကိုဆိုရင်လည်း ပရိတ်သတ်တွေက တစ်ခဲနက်အားပေးကြည့်ရှုကြပါတယ်။သန္တာဗိုလ်ကတော့ ရှိုးပွဲတွေမှာ လျှောက်လှမ်းနေသလို ဖိတ်ကြားသမျှပွဲတွေကိုလည်း တက်ရောက်ပြီး ကြော်ငြာတွေကိုလည်း လက်ခံရိုက်ကူးနေပါတယ်။

သူတို့စုံတွဲလေးက တစ်ယောက်ကိုတစ်ယောက်သိပ်ချစ်ကြပြီး နားလည်မှုတွေနဲ့သာတည်ဆောက်ထားကြလို့ ယခုချိန်ထိ ခိုင်ခိုင်မြဲနေတဲ့ relationship တစ်ခုပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်က အနုပညာအလုပ်တွေလည်း အတူတူတွဲလုပ်ကိုင်ပြီး ပွဲအခမ်းအနားတွေကိုလည်း တစ်ယောက်လက်ကိုတစ်ယောက်ဆုပ်ကိုင်ကာ တက်ရောက်တဲ့ ပုံရိပ်လေးတွေကို တွေ့မြင်ရမှာပါ။အခုဆိုရင်လည်း သူတို့စုံတွဲလေးက ပွဲတစ်ခုကို တက်ရောက်လာပြီး သီချင်းလေးနဲ့ ငြိမ့်နေတာကို ချစ်သူလေး သန္တာဗိုလ်က ဆေးထိုးလိုက်တဲ့ ဗီဒီယိုဖိုင်လေးကို မျှဝေပေးလိုက်ပါတယ်နော်။

Source:Thandar Bo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။