သရုပ်ဆောင် မင်းသမီးချောလေး မြတ်ရတနာကျော်ကတော့ ဖြူဖွေးဝင်းမွတ်တဲ့ အသားအရေနဲ့ ကိုရီးယားမလေးတစ်ယောက်လို ချစ်စရာကောင်းသူလေး ဖြစ်ပါတယ်။ သီချင်းဗီဒီယိုလေးတွေ ရိုက်ကူးပြီး အောင်မြင်မှုရရှိခဲ့တဲ့ မြတ်ရတနာကျော်က လက်ရှိမှာတော့ အိမ်ထောင်ကျပြီး သမီးလေးတစ်ယောက်ကိုတောင် ပိုင်ဆိုင်နေရပြီ ဖြစ်ပါတယ်။ ဒါကြောင့် မြတ်ရတနာကျော်က အနုပညာ အလုပ်တွေကို ရပ်နားထားပြီး ပွဲအခမ်းအနားတွေသာ တက်ရောက်နေတာ ဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့ မြတ်ရတနာကျော်ရဲ့ သမီးလေးကတော့ ဖေဖေအာဘွိုင်းနဲ့ ရုပ်ချင်းဆင်ပြီး မေမေ မြတ်ရတနာကျော်နဲ့လည်း တစ်ထေရာတည်းတူတဲ့ သမီးလေး ဖြစ်ပါတယ်။ Scarlett Phyo Tun လို့ ဘိုဆန်ဆန် နာမည်လေးပေးထားတဲ့ သမီးလေးက ပန်းနုရောင် ပါးဖောင်းဖောင်းလေးတွေနဲ့ အရမ်းကို အသည်းယားစရာကောင်းသူလေး ဖြစ်ပါတယ်။ အခုလည်း Scarlett လေးက ဘွားဘွားဖြစ်သူနဲ့ အတူတူ ကျောင်းသွားနေတာတွေ့ရပါတယ်။

ဘွားဘွားကိုယ်တိုင်ချီပြီး ကျောင်းလိုက်ပို့တာကို သဘောကျနေတဲ့ Scarlett လေးကတော့ မြင်သူတိုင်း ချစ်မဝဖြစ်စေလောက်အောင် ဘိုမရုပ်လေးသဖွယ် ချစ်စရာကောင်းနေတာ တွေ့ရပါတယ်။ ကြည်နူးနေတဲ့ Scarlett တို့မြေးအဘွားနှစ်ယောက်ကိုတော့ မြတ်ရတနာကျော်က ဘေးကနေ လိုက်စနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဘွားဘွားလက်ပေါ်မှာ ပျော်ရွှင်နေတဲ့ မြတ်ရတနာကျော်သမီးလေး Scarlett ရဲ့ ချစ်စရာဗီဒီယိုလေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Myat Yadanar Kyaw;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။