ရုပ်ရှင်လောကမှာ အောင်မြင်မှုတွေကို များစွာသိမ်းပိုက်ထားတဲ့ မင်းသားတစ်ယောက်ဖြစ်တဲ့ လူမင်းက ယခုဆိုရင် ရုပ်ရှင်အစည်းအရုံးရဲ့ အကြီးအကဲတစ်ယောက်ဖြစ်ခဲ့တဲ့ အပြင် အမိုက်စား ရုပ်ရှင်ဇာတ်ကားတွေကို ရိုက်ကုူးနေတဲ့ ဒါရိုက်တာ တစ်ဦးအဖြစ် မြင်တွေ့ရမှာဖြစ်ပါတယ်။ တစ်ချိန်က မိန်းကလေးပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တဲ့ လူမင်းကတော့ ယနေ့အချိန်ထိရုပ်ရှင်လောကမှာ အမာခံပရိသတ်တွေနဲ့ ရပ်တည်နေတဲ့ ဘက်စုံတော်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။

ပရိသတ်တွေသိကြတဲ့ အတိုင်း ချစ်စရာကောင်းပြီး တည်တံ့ခိုင်မြဲတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတဲ့ လူမင်းက ပရိသတ်တွေက အားကျရတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ ဇနီးလေးကို ယနေ့ချိန်ထိ မရိုးနိုင်သေးတဲ့ အချစ်တွေနဲ့ အမြဲ ဂရုတစိုက်ရှိတတ်တဲ့ ခင်ပွန်းကောင်းတစ်ယောက်အဖြစ် ပရိတ်သတ်တွေကြားမှာ ရေပန်းစားတဲ့ သူတစ်ယောက်ဖြစ်တဲ့ အပြင် လူမင်းတို့ မိသားစုလေးကလည်း ဘယ်အချိန်ကြည့်ကြည့် တက်ညီလက်ညီနဲ့ စည်းလုံးတဲ့ မိသားစုလေးဖြစ်ပါတယ်။

မိသားစုကို အမြဲဦးစားပေးတတ်တဲ့ ကို လူမင်းက ယခုလည်း ချစ်ဇနီးချောလေးနဲ့ အတူ ခရီးတွေထွက်ရင်း နှစ်ယောက်သားပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးကို ဖြတ်သန်းနေကြတာဖြစ်ပါတယ်။ အိမ်ထောင်သက်တမ်းကြာလာတာနဲ့ အမျှပိုပိုပြီးချစ်ရတဲ့ ချစ်ဇနီးလေးနဲ့ အတူ ပျော်ရွှင်စွာ နှင်းလျှော စီးရင် ကြင်စဦးဇနီးမောင်နှံတွေလို့ ကြည်နူးပျော်ရွှင်နေကြတဲ့ ကိုလူမင်းတို့ ဇနီးမောင်နှံရဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်တွေအတွက် ပြန်လည်ဝေမျှလိုက်ရပါတယ်။

Source: Ayarwady Lu Min

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။