"ချစ်သေးရဲ့လား"၊ "လက်ခံပြီးသား"၊ "တာဝန်အရ" စသဖြင့် လူငယ်ပရိသတ်တွေရင်ထဲမှာ ထိုးဖောက်ဝင်ရောက်နေရာယူခဲ့တဲ့ အမိုက်စားသီချင်းတွေကို ဖန်တီးခဲ့သူ ဝိုင်းလေးကိုသိကြမယ်ထင်ပါတယ်နော်....။ အိမ်မက်ဆုံရာ ပြိုင်ပွဲကနေ ဂီတလောကထဲသို့ဝင်ရောက်လာခဲ့သူ မိန်းမချောလေးတစ်ဦးလည်းဖြစ်ပါတယ်...။ သိတ်မကြာခင်က ထွက်ရှိထားတဲ့ "လွတ်လပ်ရေး" သီချင်းဗီဒီယိုလေးဟာဆိုရင်လည်း အချိန်တိုအတွင်းမှာ social media လောကတစ်ခွင်အောင်မြင်ကျော်ကြား ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။
သူမရဲ့လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ အသစ်သစ်သော သီချင်းခွေတွေအတွက်ဆက်လက်ကြိုးစားနေပြီး photo shooting ရိုက်ကွင်းက သူမရဲ့အလှပုံရိပ်လေးတွေကိုလည်း မြင်တွေ့ကြရမှာပါ....။ အဆိုတော် ဝိုင်းလေးကတော့ Miss World Myanmar 2014 သရဖူဆုကို ဆွတ်ခူးရရှိခဲ့တာလည်းဖြစ်ပါတယ်။ tik tok ဗီဒီယိုဖိုင်လေးတွေကိုလည်းဖန်တီးပြုလုပ်လျက်ရှိပြီး ပရိသတ်ကြီးကြည့်ရှုခံစားရအောင် အမြဲလိုလိုတင်ဆက်ပေးလေ့ရှိတာဖြစ်ပါတယ်။ ဒါ့အပြင် ခရီးသွားဝါသနာပါသူဖြစ်ပြီး ခရီးသွားမှတ်တမ်းပုံရိပ်လေးတွေကိုလည်းတင်ဆက်ပေးလိမ့်ရှိတာကိုမြင်တွေ့ရမှာပါ...။
ဝိုင်းလေးကတေ့ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင်လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကိုအစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်....။ အခုတစ်ခါမှာဆိုရင်လည်း သူမကို လွမ်းဆွတ်သတိရနေတဲ့ ချစ်ပရိသတ်တွေအတွက် အလွမ်းပြေ tik tok ဗီဒီယိုဖိုင်လေးကို ပြုလုပ်ဖန်းတီးဖျော်ဖြေတင်ဆက်ထားတာပါ.....။ Myanmarload ပရိသတ်ကြီးလည်းကြည့်ရှုခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်...။
Source Wyne Lay
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။