ပရိသတ်ကြီးရေ.. ရင်သွေးလေးမွေးဖွားပြီးနောက်ပိုင်း အနုပညာအလုပ်တွေနည်းပါးသွားပေမယ့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးဝန်းရံမှုတွေကို ယနေ့အချိန်ထိ အခိုင်အမာရရှိထားသူလေးကတော့ သရုပ်ဆောင်မင်းသမီးချော မိုးယုစံပါပဲနော်..။

ပရိသတ်တွေရဲ့ အချစ်တွေနဲ့ အောင်မြင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်သလို ချစ်စရာကောင်းလွန်းတဲ့ သားချောလေးကို ပိုင်ဆိုင်ထားပြီး သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ဖြတ်သန်းနေသူလေးဆိုလည်း မမှားပါဘူး..။

ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာသိမ်းပိုက်ရရှိထားတဲ့ အနုပညာရှင်ဆယ်လီတွေရဲ့ရင်သွေးလေးတွေထဲမှာ မင်းသမီးမိုးယုစံရဲ့သားချောလေး ကောင်းသိင်္ခမိုးသူကလည်း အပါအဝင်ပါပဲ..။

ပရိသတ်တွေရဲ့မျက်စိရှေ့မှာတင် တဖြည်းဖြည်း အရွယ်ရောက်လာခဲ့တဲ့ မိုးယုရဲ့ ချစ်စရာသားချောလေး ကောင်းသိင်္ခမိုးသူကတော့ ဒီကနေ့လေးမှာဆိုတော့ (၁)နှစ်ခွဲအရွယ်ကိုတောင် ရောက်ရှိလာပါပြီနော်..။

မိုးယုရဲ့ သားချောလေး ကောင်းသိင်္ခမိုးသူလေးကတော့ မေမေမိုးယုစံရဲ့ အနုပညာသွေးပါသူပီပီ သီချင်းတွေဆိုရတာကို နှစ်သက်သူလေးဖြစ်ပြီး မပီကလာ ပီကလာလေးနဲ့ ချစ်စရာကောင်းအောင် သီချင်းတွေလည်း ဆိုတတ်ပါသေးတယ်နော်..။

အမြဲပြုံးရယ်ပြီး မျက်နှာချိုလွန်းတဲ့ မိုက်ခဲလေးတစ်ယောက် အခုတစ်ခါမှာလည်း မိသားစုတွေနဲ့အတူ သီချင်းသွားဆို အပန်းဖြေရင်း မိုက်လေးကိုင်ပြီး အသည်းတွေယားလောက်အောင် သီချင်းဆိုနေတဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေ သဘောကျနေကြမှာ အမှန်ပါပဲနော်..။

Photo - ကောင်းသိင်္ခမိုးသူ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။