ပရိတ်သတ်ကြီးရေ အကယ်ဒမီတွေကို ဆွတ်ခူးပိုင်ဆိုင်ထားတဲ့ မင်းသားကြီးလွင်မိုးကတော့ အနုပညာလောကထဲကို ဟိုးအရင်ကတည်းက ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။လွင်မိုးရဲ့ ငယ်စဉ်အရွယ်တုန်းက ခန့်ညားချောမောပြီး တည်ကြည်လွန်းလို့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လေးဖြစ်ခဲ့ရပါတယ်နော်။လွင်မိုးက ဇာတ်ကားတိုင်းကို ပီပြင်ပိုင်နိုင်တဲ့ အိုင်တင်တွေထုတ်ပြီး သရုပ်ဆောင်တာကြောင့် သူ့ရဲ့ ဇာတ်ကားများဟာ ပရိတ်သတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့ပါတယ်နော်။

လွင်မိုးက ချစ်ရတဲ့သူနဲ့အတူတူ နှစ်ကိုယ်တူဘဝလေးကို တည်ဆောက်လိုက်ပြီး ဇနီးမောင်နှံနှစ်ယောက်က နားလည်မှုတွေ ချစ်ခြင်းမေတ္တာတွေနဲ့ ဘဝခရီးလမ်းကို လျှောက်လှမ်းခဲ့ကြပါတယ်။ဇနီးသည်မေသူကလည်း ခင်ပွန်းအပေါ် သေချာဂရုစိုက်တတ်တဲ့ ဇနီးကောင်းတစ်ယောက်ပါနော်။အခုဆိုရင်တော့ သမီးကြီးကမွေးတဲ့ မြေးလေးကိုလည်း ပိုင်ဆိုင်ထားပြီးဖြစ်လို့ သာယာစိုပြေတဲ့ မိသားစုလေးဖြစ်ပါတယ်။

လွင်မိုးနဲ့မေသူက တစ်ယောက်ကိုတစ်ယောက် သစ္စာရှိရှိနဲ့ ရိုးမြေကျပေါင်းသင်းခဲ့တာဖြစ်လို့ သူတို့အိမ်ထောင်ရေးလေးက အားကျစရာကောင်းပါတယ်နော်။လွင်မိုးကလည်း မိသားစုကို လိုလေသေးမရှိအောင် ထားတဲ့ အိမ်ထောင်ဦးစီးတစ်ယောက် ဖခင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။အခုဆိုရင် ပရိတ်သတ်ကြီးအတွက် လွင်မိုးတို့ရဲ့ ငယ်ဘဝပုံရိပ်လေးတွေကို မျှဝေလိုက်ပါတယ်နော်။

Source:May Thu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။