သွယ်လှသောကိုယ်ခန္ဓာနဲ့ Sexy ကျကျ ဖက်ရှင်လေးတွေနဲ့ ပုရိသအပေါင်းကိုဖမ်းစားထားနိုင်သူလေးကတော့ သင်ဇာဝင့်ကျော်လေးပဲဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကိုရိုက်ကူးထားရုံတင်မကပဲ ကြော်ငြာများတွင်ပါ အများဆုံးလက်ခံရိုက်ကူးနေရသောမင်းသမီးလေးတစ်ဦးဆိုရင်လည်း မမှားပါဘူးနော်။ sexy ကျတဲ့ အလှအပတွေကြောင့်လည်း ပရိတ်သတ်တွေရဲ့ အာရုံကိုဖမ်းစားထားနိုင်သူလေးပါ။  

ဝေဖန်မှုတွေရှိပေမယ့်လည်းပရိသတ်တွေအတွက်အကောင်းဆုံးအနုပညာအလုပ်တွေကိုကြိုးစားနေတာဖြစ်ပါတယ်။အသက်တွေကြီးလာပေမယ့်ယခုချိန်တိုင်သူ့ရဲ့အလှတွေကပိုပြီးတိုးနေတာကပရိသတ်တွေအားကျချစ်နေရတာပါ။သူမရဲ့ပုံရိပ်လေးတွေတိုင်းမှာလည်းပရိသတ်အပြည့်နဲ့အားပေးမှုကိုရထားတဲ့နိုင်ငံကျော်မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။

သူမဟာ လတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ ကချင်ပြည်နယ်သို့ သွားရောက်ပြီး ရုပ်ရှင်ဇာတ်ကားကြီးသွားရောက်ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ ခက်ခဲကြမ်းတမ်းလွန်းပြီး စွန့်စားရတဲ့ခရီးစဉ်ဖြစ်သော်လည်း ထိုအခက်အခဲများကို စိတ်မညစ်ပဲ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေကြတာလည်း ဖြစ်ပါတယ်။ သူမဟာတော့ ရက်ပိုင်းအတော်ကြာ လူမှုကွန်ယက်တွင်ပျောက်နေတဲ့အတွက် သူမပရိသတ်များကစိတ်ပူပေးနေကြတာပါ။ စိတ်ပူနေတဲ့ သူမရဲ့ပရိသတ်တွေအတွက် သင်ဇာကတော့ သူမရဲ့ပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို လိုင်းမိမိချင်း ဝေမျှနေတာပဲ ဖြစ်ပါတယ်။ သင်ဇာပရိသတ်တွေအတွက် ရေခဲတောင်အမှတ်တရဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source - Thin Zar Wint Kyaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။