အခုချိန်မှာဆိုရင်တောင် တောင်ကိုရိယားနိုင်ငံက အမှုတစ်ခုဟာ လူတွေကြားမှာ တော်တော်လေးအပြောများနေကြပါတယ်။ တရားခံတွေကလဲ နာမည်ကြီးအနုပညာရှင်တွေဆိုတော့ ပိုဆိုးသွားပါတယ်။ Jung Joon Young လို့ခေါ်တဲ့ နာမည်ကြီး အဆိုတော် တစ်ယောက်ဟာ မိန်းကလေးတွေရဲ့ မတော်မရာပုံတွေနဲ့ Video တွေကိုခိုးရိုက်ကာ secret group ထဲသို့ပိုလေ့ရှိပါတယ်။ အဲ့ထက်ဆိုးတာက မိန်းမလေးတွေကို အိပ်ဆေးတွေကျွေးပြီး မုဒိမ်းကျင့်တဲ့ video တွေ လူလိုတောင်မဆက်ဆံတဲ့ဟာတွေကို သူကပို့ခဲ့ပါတယ်။
အဲ့အယုတ်တမာ မုဒိမ်းကောင်ကနေ အမှုဟာစတင်ခဲ့ကာ လူတော်တော်များများက အပုပ်ချခဲ့ပါတယ်။ အဲ့ Group ထဲမှာ Big Bang အဖွဲ့ဝင်ဖြစ်တဲ့ Seungri အပြင် တခြားသော ယောကျ်ားလေးအဆိုတော်တွေ ရုပ်ရှင်မင်းသမီး Park Han Byu ရဲ့ ယောကျ်ားအပြင် နာမည်ကြီးမဟုတ်တဲ့ လူတွေလဲပါတယ်လို့ သတင်းသမားတွေကပြောခဲ့ပါတယ်။ အဲ့ Group ထဲမှာ မိန်းကလေးတွေရဲ့ ခွင့်ပြုချက်မပါပဲ ညစ်ညမ်း ဗီဒီယိုတွေ ပုံတွေနဲ့ အနိုင်ကျင့်ထားတာတွေကို အပြန်အလှန် Share နေကြပါတယ်။
တော်တော်ကို ယုတ်မာတဲ့ သူတွေမို့ JJY နဲ့ Seungri ကိုအနုပညာလောကကနေ အပြီးအပိုင်း ရပ်နားလိုက်ပါတယ်။ March လ ၁၄ရက်နေ့မှာဆိုရင် JJY ရော Seungri တို့ဟာ အစစ်ဆေးခံဖို့အတွက် ရောက်ရှိလာခဲ့ကြကာ သူတို့နှစ်ယောက်ဟာ ဒုတိယအကြိမ်မြောက် အစစ်ဆေးခံကြတာဖြစ်ပါတယ်။ JJY က " ကျွန်တော် တောင်းပန်ပါတယ်...ဒီနိုင်ငံမှာရှိတဲ့ လူတွေအားလုံးကို အခတ်တွေ့စေခဲ့တဲ့အတွက် တောင်းပန်ပါတယ်...ကျွန်တော်ဒီစစ်ဆေးမှုမှာ ရဲတွေနဲ့ ပူပေါင်းသွားမှာပါ...တောင်းပန်ပါတယ် " ဆိုပြီးပြောခဲ့ပါတယ်။
Big Bang အဖွဲ့ဝင် Seungri ဟာလဲ သူမှားခဲ့ကြောင်းကို ပြောဆိုခဲ့ပါတယ်။ Seungri က " ကျွန်တော်ထပ်မံပြီး ကျွန်တော်ကြောင့်နာကျင်ခံရတဲ့သူတွေနဲ့ ဒီနိုင်ငံမှာ နေထိုင်တဲ့သူတွေကို ကျွန်တော် ခေါင်းငုံ့ကာ တောင်ပန်းပါတယ်...ကျွန်တော် တကယ်တောင်းပန်ပါတယ်....ခုစစ်ဆေးမှုမှာ ရိုးသားစွာနဲ့ ကျွန်တော် ပူပေါင်းဆောင်ရွက်သွားမှာပါ " လို့ပြောခဲ့ပါတယ်။ သူတို့ရဲ့ အမှုတွေ နောက်ဆက်တွဲမှာ ဘယ်လိုဖြစ်လာမလဲဆိုတာ စောင့်ဆိုင်းနေရအုန်းမှာပဲဖြစ်ပါတယ်။
Source : Soompi
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။