ပြီးခဲ့တဲ့မတ်လ ၁၃ ရက်နေ့မှာတော့ တောင်ကိုရီးယားနိုင်ငံဟာ လေထုညစ်ညမ်းမှုကို လူမှုဘေးအန္တရာယ်အဖြစ် သတ်မှတ်ခဲ့ပါတယ်။

ဒါ့အပြင် တောင်ကိုရီးယားနိုင်ငံဟာ လက်ရှိဖြစ်ပေါ်နေတဲ့ လေထုညစ်ညမ်းမှုကိုတိုက်ဖျက်ဖို့အတွက် ဥပဒေကြမ်းတွေကိုလည်း အတည်ပြုခဲ့ပါတယ်လို့သိရပါတယ်။



အခုလို လေထုညစ်ညမ်းမှုကို ဘေးအန္တရာယ်အဖြစ်သတ်မှတ်လိုက်ခြင်းကြောင့် လေထုညစ်ညမ်းမှုကြောင့်ဖြစ်တဲ့ ထိခိုက်မှုအတွက် အစိုးရရဲ့ အရန် ရန်ပုံငွေ တစိတ်တပိုင်းကို အသုံးပြုခွင့်ရတော့မှာပဲဖြစ်ပါတယ်။

ဒါ့အပြင် ယခုနှစ် ကိုရီးယားအစိုးရ အရန် ရန်ပုံငွေဟာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၅ ဘီလျံအထိ ရှိပါတယ်လို့လည်း သိရပါတယ်။

တောင်ကိုးရီးယားနိုင်ငံရဲ့ လေထုညစ်ညမ်းမှုကို မြင့်တက်လာစေတာကတော့ ကျောက်မီးသွေးသုံး စွမ်းအင်ထုတ်လုပ်တာတွေနဲ့ မော်တော်ယာဉ်ဓာတ်ငွေ့ ထုတ်လွှင့်မှုု မြင့်မားလာတာတွေ ကြောင့်ပဲဖြစ်ပါတယ်။

အခုလို လေထုညစ်ညမ်းမှုတွေ မြင့်တက်လာတာဟာ ပြည်သူတွေကို စိုးရိမ်စိတ်ပိုမိုဝင်လာစေသလို သမ္မတထောက်ခံနှုန်းအပေါ်မှာလည်း သက်ရောက်မှု ရှိလာစေပါတယ်လို့သိရပါတယ်။

source - dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။