တစ်နေ့က Justin Bieber နဲ့ Hailey Baldwin တို့ရဲ့ ချစ်ကြည်နူးနေကြတဲ့ ခရီးသွားနေတုန်းက ရိုက်ထားတဲ့ ဗီဒီယိုကို တင်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့အချစ်ဟာလဲ လူတွေအတွက်နဲ့ ပရိသတ်တွေအကြားမှာ ရှုပ်ထွေးနေပါတယ်။ Justin Bieber က Hailey ကိုမချစ်သလိုလို ချစ်သလိုလိုနဲ့ ရှိနေခဲ့သလို ဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့လဲ Hailey က JB ကိုချစ်တာတော့ အမှန်ပါပဲ....ဒီကိစ္စကို လူတော်တော်များများကလဲ လက်ခံကြပါတယ်။  

ဗုဒ္ဓဟူးနေ့တုန်းက သူတို့နှစ်ယောက် New York မြို့ကနေထွက်ခွာလာတဲ့ချိန်မှာ အနည်းငယ်စိတ်ပျက်နေသလိုတော့ဖြစ်ခဲ့ပါတယ်။ JB တစ်ယောက်က သူတို့နှစ်ယောက် လက်ထပ်ရမဲ့ကိစ္စကို အရမ်းကြီး ဖိအားပေးခံနေရသလိုဖြစ်နေခဲ့တာပါ။ အာ့ကြောင့်လဲ သူက လူမှုကွန်းရက်ပေါ်မှာ ပိရိသတ်တွေကို သူဖြစ်ပေါ်ခံစားနေရတဲ့ အရာတွေကို ရင်ခွင့်ခဲ့တာဖြစ်ပါတယ်။ ပြီးတော့ JB ကိုကြည့်ရတာလဲ အိပ်ချင်မူးတူပုံစံနဲ့ စကားပြောနေတာကိုတွေ့ရှိရမှာဖြစ်ပါတယ်။ 

သူတို့နှစ်ယောက် ဟိုတယ်ကနေတော့ အတူတူထွက်ရှိလာခဲ့ပါတယ်...ဒါပေမဲ့ Hailey ကတော့သူရဲ့ခင်ပွန်းဖြစ်သူ JB မပါပဲ နေ့လည်စာကို ဆိုင်တစ်ဆိုင်မှာသွားစားခဲ့ပါတယ်။ အဲ့နေ့မတိုင်ခင် ညမှာတော့ Hailey ဟာ ဟိုတယ်ဖွင့်ပွဲတစ်ခုကိုသွားရောက်တက်ခဲ့ပါသေးတယ်။ အင်္ဂါနေ့မှာဆိုရင်လဲ အထက်မှာပြောခဲ့သလို JB က သူတို့နှစ်ယောက် ချစ်ကြည်နူးနေတဲ့ video ကိုတင်ခဲ့ပါသေးတယ်။ 

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။